Thursday, May 30, 2013


တန်ဖိုးနည်းဖုန်းများရောင်းချပြီးနောက် ဖုန်းလိုင်းကျပ်တောက်မှုအချို့ဖြစ်ပေါ်နေရာ ထိုသို့ဖုန်းလိုင်းအဆင်မပြေမှုများရှိပါက မိမိကိုင်ဆောင်သည့် ဖုန်းနံပါတ်အလိုက် သက်ဆိုင်ရာဆက်သွယ်ရေး အိတ်ချိန်းရုံးများကို မေးမြန်း၍ဖြေရှင်းပေးကြောင်း သတင်းရရှိသည်။

လတ်တလောတွင် ယခင်ရောင်းချပေးခဲ့သည့် ကျပ်နှစ်သိန်းဖုန်းများသာမက ကျပ် ၁၅ သိန်းတန်ဖုန်းများဖြစ်သည့် ၀၉၅၀ နှင့် ၀၉၅၁ ဖုန်းများ၌ပါ လိုင်းပြတ်တောက်မှုများဖြစ်ပေါ်နေကြောင်း ၎င်းဖုန်းကိုင်ဆောင်သူများက ပြောသည်။
   
ထို့အပြင် နှစ်သိန်းတန် GSM နှင့် နှစ်သိန်းခွဲတန် WCDMA မိုဘိုင်းဖုန်းအချို့၌ ဖုန်းလိုင်းမမိခြင်းကြောင့် အင်တာနက်တပ်ဆင်ထားသူများ သုံးစွဲ၍မရမှုများရှိနေသည်။

“တစ်ခါတလေဆို No Service ဆိုပြီးတောင်ဖြစ်သွားတာ။ နံနက်ပိုင်းစောစောတောင် ဖြစ်တယ်။ အခုဆို တစ်ပတ်လောက်ရှိနေပြီ။ ဘယ်လိုလုပ်လို့လုပ်ရမှန်းတောင် မသိဘူး။ အင်တာနက်လည်း လုံးဝသုံးလို့မရဘူး” ဟု WCDMA ဖုန်း သုံးစွဲသည့်အင်းစိန်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
   
ထိုသို့ ဖုန်းလိုင်းပြတ်တောက်မှုများရှိပါက မိမိဖုန်းနံပါတ်အလိုက်သက်ဆိုင်သည့် ဆက်သွယ်ရေးအိတ်ချိန်းရုံးများသို့ ဖုန်းဆက်၍ ဖြေရှင်းနိုင်ကြောင်း ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ရတနာပုံကောလ်စင်တာမှသိရှိရသည်။

“ကိုယ်သုံးတဲ့ဖုန်းက လိုင်းမမိတာ၊ အဆင်မပြေတာမျိုးရှိရင် ဖုန်းနံပါတ်ပေးရင် ကြည့်ပေးလို့ရတယ်။ ဘာလို့ဖြစ်တာလဲဆိုတာကို”ဟု ဆက်သွယ်ရေးအိတ်ချိန်းရုံးတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
   
သုံးစွဲသည့် ဟန်းဆက်များကြောင့်လည်း လိုင်းပြတ်တောက်မှုများ၊ ဖုန်းလိုင်းမမိခြင်းများရှိတတ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
   
ထိုသို့ ဖုန်းလိုင်းအဆင်မပြေမှုများရှိပါက ၀၉၅၀ ဖုန်းများအတွက် ၀၁-၅၀၅၁၄၇၊ ၀၉၅၁ နှင့် ၀၉၄၂ ဖုန်းများအတွက် ၀၁-၂၁၅၈၂၂၊၀၉၄၁ ဖုန်းများအတွက် ၀၁-၄၂၁၅၅၈၊ ၀၉၄၅ WCDMA ဖုန်းများအတွက် ၀၁-၅၃၂၂၅၇၊ ၀၁- ၅၃၇၂၀၁၊ ၀၉၇၃ ဖုန်းများအတွက် ၀၉-၇၃၀၀၀၀၀၀ နှင့် ၀၉-၇၃၁၁၁၁၁၁ အစရှိသည့်ဆက်သွယ်ရေးအိတ်ချိန်းရုံးများကို ဆက်သွယ်မေးမြန်းနိုင်ပြီး ဧပြီလအတွင်းက စတင်ရောင်းချခဲ့သည့် ကျပ် ၁၅၀၀ တန် CDMA 800 MHz ဖုန်းများအတွက် ၀၁-၆၅၆၉၉၄-၆ တွင် စုံစမ်းနိုင်ကြောင်း ရတနာပုံကောလ်စင်တာမှ သတင်းရရှိသည်။
7 Day new jourmal

0 comments :

Post a Comment

Comment