Tuesday, May 21, 2013


ဒါရိုက်တာကိုအောင်မင်းသိမ်း ရိုက်ကူးတဲ့ အောင်မြင်ခဲ့သော နာ မည်ကြီး ဇာတ်ကားများထဲမှာ ပရိသတ်တွေ သဘောကျနှစ်ခြိုက်ခဲ့ ကြတဲ့ “အချစ်သည်လေပြည်” ရုပ်ရှင်ဇာတ်ကားကြီးလည်း ပါဝင် ပါတယ်။ သရုပ်ဆောင်အိန္ဒြာကျော်ဇင်က “အချစ်သည် လေပြည်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ပြီးနောက် ပိုင်းမှာတော့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ပိုမိုရရှိခဲ့ပါတယ်။ ဒါကြောင့်လည်းဒီရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး အိန္ဒြာကျော်ဇင်က အမှတ်တရ အနေနဲ့ အခု လို ပြန် လည် ပြောပြတာက… “အဲဒီဇာတ်ကားကြီး ရိုက်တုန်းက ဦးအောင်မင်းသိမ်းကလည်းဇာတ်ကားကြီး မရိုက်ခင်ကတည်းက သေချာပြောပြတယ်။ ဒီကောင်မလေးက ဘယ်လိုရှိမလဲ၊ ပုံစံနှစ်မျိုးပြောင်းသွားမယ်။ အဲဒီ နှစ်မျိုးကိုချိန်းချင်တယ်။ ဆယ်ကျော်သက်အရွယ်လေးနဲ့ အပျိုကြီး ဖားဖားဖြစ်သွားတဲ့ အရွယ်ကိုချိန်းချင်တယ်လို့ ပြောတယ်။ အူဝဲက အဲဒီဇာတ်ကား မရိုက်ခင်ကတည်းက အဲဒီဇာတ်ကောင် ကာရိုက်တာကို သဘောကျတယ်။ သဘောကျပြီးတော့ မရိုက်ခင်က တည်းက အဲဒီဇာတ်ရုပ်ထဲ မှာ သေသေချာချာစိတ်ကို နှစ်ပြီး တော့ဆယ်ကျော်သက်အရွယ်မှာဝတ်တဲ့ ဆံပင်အတု၊ အဝတ် အစားအကုန်လုံးကိုသေချာပြင်ဆင်ပြီးမှ ရိုက်တာ။ ဇာတ် ကားကြီး ရိုက်တဲ့အခါမှာလည်း ဦးအောင်မင်းသိမ်းတို့ရဲ့ ပလော့တွေ၊ဒိုင်ယာလော့ခ်တွေက ပရိသတ်အကြိုက် တွေ့ခဲ့တာမျိုးတွေ အများကြီးပါတယ်။ ခုတင်ပေါ်မှာ ရည်စားမရှိဘူးဆိုပြီး ခုန်ပြီး ပျော်တဲ့ဟာတွေကလည်း ပရိသတ် တအား ကြိုက်ခဲ့တဲ့ ဇာတ်ဝင်ခန်းလေးတွေပေါ့။ ကိုယ်ရိုက်တဲ့အချိန်မှာလည်း သရုပ်ဆောင်ရ တာ ကောင်းခဲ့တယ်။ ရိုက်ရတာတအား အဆင်ပြေတယ်။ ဦးအောင်မင်းသိမ်းရဲ့ သင်ပေးမှုတွေလည်း အများကြီးပါ တယ်။ ကိုသားကြီးကလည်း အကြံ ဥာဏ်တွေ အများကြီးပေးတယ်။ သင် ပေးတယ်။ အဲဒါကြောင့် ဒီဇာတ်ကား ကြီးက ကောင်းသွားတာပါ။ ဦးအောင် မင်းသိမ်းက အဲဒီလိုလိုင်းမျိုးကို ပိုပိုင် တယ်လို့ အူဝဲထင်တယ်။ ဦးအောင် မင်းသိမ်းနဲ့လည်း အရင်တုန်းက တော်တော်ရိုက်ခဲ့ဖူးတယ်။ အဲဒီ လိုဇာတ်မျိုးလေးတွေကို များ သောအားဖြင့် သူကိုယ်တိုင် လည်းကြိုက်တယ်။ ရို့မန့် ဖန် စီတွေရိုက်တဲ့အခါလည်း တအားပိုင်တယ်။ သူလို ချင် တဲ့ (မုဒ်)တွေ၊ အိုက်တင်တွေ ကို မရမချင်း အူဝဲကို ရအောင်လုပ်ခိုင်း ခဲ့တယ်။ ပရိသတ်တွေက ကြိုက်ကြလို့ ထင်ပါတယ်၊ အကယ်ဒမီတောင်ရ စေ ချင်ခဲ့ကြတယ်။ ဒါပေမဲ့လည်း မြန်မာ ပြည်ကပေးတဲ့ အကယ်ဒမီ ဇာတ် ရုပ် တော့ မဟုတ်ဘူးပေါ့။ ရုံတင်ပြီးတဲ့ အခါမှာလည်း ပရိသတ်ရဲ့အကြိုက်၊ ပရိသတ်ရဲ့ အားပေးမှုရခဲ့တယ်။ ဦးအောင် မင်းသိမ်းတို့ရဲ့ ကျေးဇူးတွေအများ ကြီးပါပါ တယ်။ အဲဒီဇာတ်ကားကြီးထဲမှာပါတဲ့ သရုပ် ဆောင်တွေရော၊ ဒါရိုက်တာရောအကုန်လုံးက အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ကြလို့ ဒီဇာတ် ကားကြီးကကောင်းသွားတာပါ”လို့ ပြောပါတယ်။ ခိုင်ဝေလွင်

0 comments :

Post a Comment

Comment