Saturday, June 29, 2013

အခုရက်ပိုင်းအတွင်း Facebook အကောင့်အသစ်ဖွင့်တိုင်း Email Confirmation လုပ်လိုက်တာနဲ့
တစ်ခါတည်း အကောင့်ကာ လော့ကျသွားတာတွေ ကြားနေရပါတယ် ..
ဒါနဲ့ ကျွန်တော်လည်း သာမာန်အတိုင်းပဲ Facebook အကောင့်အသစ်တစ်ခုကို ဖွင့်ကြည့်လိုက်တာ
တကယ်ပဲ Email အတည်ပြုပြီးတဲ့အဆင့်မှာပဲ Fake Name သုံးထားလို့ ဘာညာဆိုပြီး
လော့ကျသွားပါတယ် .. ပြန်ရချင်ရင်တော့ နိုင်ငံခြားက အသိတစ်ယောက်ရဲ့ အကူအညီကိုယူပြီး
သူ့ဖုန်းနံပါတ်ကိုထည့်ပေး FB က Text Message ပို့ပေးခဲ့တဲ့ ကုဒ်ကို ထည့်ပေးနိုင်ရင်တော့ ရကောင်းရနိုင်ပါတယ် ..

အလုပ်လည်း ရှုပ်သလို .. ရနိုင်မယ်မရနိုင်ဘူးလည်း မသေချာ .. နောက်ထပ် လော့ကျနိုင်ခြေ
ဘယ်လောက်နီးစပ်မစပ်လည်း မသေချာဆိုတော့ .. အကောင့်ဖွင့်ကတည်းက
လော့မကျအောင်ဖွင့်နိုင်မယ် နည်းလမ်းတွေကို အမျိုးမျိုးစမ်းသပ်ကြည့်တော့ ဒီနည်းလေးကို
သွားတွေ့ပါတယ် .. ဒီနည်းလမ်းအတိုင်း အကောင့်သုံးလေးခုကို ဖွင့်ကြည့်တာ အားလုံးအဆင်ပြေပြေနဲ့
အောင်မြင်တာကို တွေ့ရပါတယ် ..
အကောင့်သစ်အတွက် ဘာမှမလုပ်ခင် Browser မှာရှိတဲ့ History တွေ Cookies တွေကို ရှင်းထားလိုက်ပါ

ပထမဆုံး nolockfacebook@gmail.com ဆိုတဲ့ Gmail အကောင့်အသစ်တစ်ခုဖွင့်လိုက်ပါတယ် .. ပီးတော့
ဖွင့်ထားတဲ့ အကောင့်သစ်ရဲ့ Gmail ကို Sing Out မလုပ်ဘဲဒီအတိုင်းဖွင့်ထားပါတယ်.. ပြီးရင်

Facebook  အကောင့်သစ်စဖွင့်ဖို့ Sign Up လုပ်ပါတယ်.

First name Last name နေရာတွေမှာ အင်္ဂလိပ်နံမည်တွေ ထည့်ပေးပါတယ် .. (ကျွန်တော့်တို့ မြန်မာနံမည်တွေက
အနောက်နိုင်ငံတွေရဲ့ နံ့မည်တွေနဲ့ တည်ဆောက်ပုံမတူလို့ Fake Name အဖြစ် Facebook က ယူဆတတ်လို့ပါ )

ကျန်တဲ့အချက်တွေကိုတော့ တတ်နိုင်သမျှ Email အကောင့်ထဲကအချက်တွေနဲ့ တူအောင် ထည့်ပေးပါ ..
မွေးသက္ကရာဇ်ထည့်တဲ့နေရာမှာ တစ်ခုသတိထားရမှာက လက်ရှိအချိန်ထိ 18 နှစ်နဲ့အထက်ဖြစ်အောင် တွက်ချက်ပြီး ထည့်ပေးပါ .. ( 13 နှစ်ကျော်ရင်လည်း ရပေမယ့် တစ်ခါတစ်ခါ Error တက်တတ်လို့ပါ . )
ကျန်တာတွေကိုတော့ ပုံမှန်အတိုင်းပဲ ထည့်ပေးသွားပါ ..
နိုင်ငံကလည်း လက်ရှိ အဲဒီ Browser ကဖတ်ထားတဲ့ နိုင်ငံ ( မြန်မာနိုင်ငံကဖွင့်တာဆို Myanmar ဆိုတာလေး ပြနေမှာကိုပြောတာ)

ပြီးရင် နောက်တစ်ဆင့်ရောက်တဲ့အခါ .. Find Friends ကို မနှိပ်ပဲ Skip လုပ်လိုက်ပါ ..
( Find Friends လုပ်လိုက်ရင် အခြားသော အကောင့်တွေကို လိုက်ချိတ်တာဖြစ်လို့ Spam ရဲ့ လမ်းကြောင်းနဲ့ သွားတူနေလို့ပါ .. )

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထည့်ပေးရပါမယ် ..
School မှာ အင်္ဂလိပ်လို ကျောင်းတစ်ကျောင်းရိုက်ထည့် အဲဒီအခါ Facebook က သူ့ရဲ့ Database ထဲမှာရှိတဲ့ ကျောင်းကို Result ထုတ်ပေးလာလိမ့်မယ် .. သူဖေါ်ပြလာတဲ့ ကျောင်းတွေထဲကမှ ကိုယ်ကြိုက်တာကို ရွေးနှိပ်လိုက်ပါ .. ( ကိုယ်ထည့်ချင်တာကို ထည့်လိုက်တာမဟုတ်ပါဘူး .. Facebook က သိထားတဲ့ကျောင်းကိုပဲ ရွေးထည့်ပေးလိုက်တာပါ )

University နဲ့ အောက်က အကွက်တွေမှာလည်း ဒီအတိုင်းပဲ .. Facebook က ဖေါ်ပြပေးတဲ့ နံမည်တွေကိုပဲ ရွေးပေးလိုက်ပါ .. ( အဲဒါတွေက နောက်မှ ပြင်လည်းရတယ်လေ )
နောက်တစ်ဆင့်မှတော့ Profile ပုံကို Upload တင်ပေးရမှာပါ .. ဒီအဆင့်ကို မကျော်ပဲ ပုံတစ်ပုံတင်ပေးလိုက်ပါ .. ဒါတွေပြီးလို့ Save and continue ကိုနှိပ်လိုက်ရင်
Friends အပ်ခိုင်းတဲ့ အဆင့်ဝင်လာပါတယ် .. ဒီအဆင့်မှာတော့ သူငယ်ချင်း နှစ်ယောက်လောက်ကို Friend Request လုပ်လိုက်ပါ ....


နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ Home ကို ရောက်သွားပါမယ် .. အဲဒီမှာ Search Box ထဲကနေ .. ကိုယ့်ရဲ့ တစ်ခြားအကောင့်တစ်ခု ကို ရှာပြီး Add ပါ .. အဲဒီအကောင့်ကိုလည်း စက်တစ်လုံးကနေ Log in ၀င်ထားပြီး  Friend Request လုပ်တာကို ချက်ချင်းပဲ Confirm လုပ်ပေးလိုက်ပါ ..
အဲဒီအဆင့်ပြီးမှ ကိုယ့်ရဲ့ Gmail ကို ပြန်သွားပါ .. ( Facebook ရဲ့ အပေါ်မှာ ပေါ်နေတဲ့ Go to your gmail ကို မနှိပ်ပဲ ဒီအတိုင်းပဲ Gmail tab ကို သွားလိုက်တာပါ )

Gmail ထဲမှာ Facebook ကပို့ပေးလိုက်တဲ့ စာနှစ်စောင်ထဲက ပိုစောတဲ့စာ ( အောက်မှာရှိတဲ့စာ) ကိုဖွင့်ပြီး
Complete Sign Up ကို မနှိပ်ပဲ သူပေးထားတဲ့ လင့်ကိုပဲ နှိပ်လိုက်ပါ ..
နောက်ထပ် Tab အသစ်နဲ့အတူ Facebook ပွင့်လာပါမယ် ..

Email Confirm ဖြစ်တဲ့အကြောင်း တက်လာပြီဆိုရင် အရင် facebook ရဲ့ Tab ကို ပိတ်လိုက်ပါ ..
လက်ရှိရောက်နေတဲ့ Facebook ရဲ့ Home မှာပဲ Status လေးတစ်ခုလောက် ရေးပြီး တင်ပေးလိုက်ပါ ..

ဒါဆိုရင် .. အကောင့်တစ်ခုဟာ လော့မကျပဲ အဆင်ပြေပြေ အောင်မြင်သွားပါပြီ

ဒီနည်းလမ်းတစ်ခုလုံးမှာ ကျွန်တော် အသုံးချသွားတာက Browser တွေမှာ မှတ်သားထားလေ့ရှိတဲ့ Cookies ဆိုင်ရာ သီအိုရီအချို့ပါ ..

Credit=> အိုင်တီမုဆိုး

Sunday, June 16, 2013


၁၅၀၀ တန်ဖုန်းကဒ်ဖြင့် အာဆီယံ ၁၀ နိုင်ငံကို ပြည်တွင်းဖုန်းခေါ်ဆိုခအတိုင်းခေါ်ဆိုနိုင်ပြီဖြစ်ပါသည်။ ယင်းသို့ ခေါ်ဆိုရာတွင်ရိုက်နှိပ်ရမည့် format ပုံစံကိုတော့ သိရှိရန်လိုအပ်ကြောင်းသိရှိရပါတယ်။ သက်ဆိုင်ရာနိုင်ငံ code ရှေ့မှာ 0100 ကို အရင်ရိုက်ပြီးမှခေါ်ဆိုရမှာဖြစ်ကြောင်းနဲ့ယင်း code များမှာ


Singapore –010065,
Malaysia — 010060,
Thailand — 010066,
Brunei — 0100673,
Indonesia — 010062,
Laos –0100856,
Vietnam — 010084,
Cambodia — 0100855,
Philippines — 010063, တို့ဖြစ်ပါတယ်။

ယင်း 0100 code နဲ့ နိင်ငံ code ရိုက်ပြီးလျှင် ခေါ်ဆိုလိုသည့်ဖုန်းနံပါတ်ကိုရိုက်ထည့်ပြီး ဖုန်းပြောနိုင်ပါပြီ။

ဒီလို ပြည်တွင်းဖုန်းခေါ်ဆိုခနဲ့ မြန်မာများအနေများတဲ့ အာဆီယံနိုင်ငံများသို့ ဖုန်းခေါ်ဆိုနိုင်မှာဖြစ်တဲ့အတွက် ကွန်နက်ရှင်မကောင်းပေမယ့် အင်တာနက်ကနေ အခကြေးငွေအနည်းငယ်ဖြင့် ခေါ်ဆိုနိုင်သည့်နည်းလမ်းထက်တော့ ပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်။

zin yaw ( အောင်သက်ခိုင် ဘလော့ မှ ကူးယူဖေါ်ပြသည်)

Thursday, June 13, 2013

ဒီဆာ့ဝဲလ်လေးကတော့ ကိုယ့်ဖုန်းထဲကနေ ကိုယ့်ကောင်မလေးဖုန်းထဲကို   phone call , message, contact, miss call တွေကို လှမ်းကြည့်နိုင်မဲ့ ဆော့ဝဲလ်လေးပါ... အခြား feature တွေလည်းရှိပါသေးတယ်  vibrate, silent, flightmode , internet ရှိနေမယ်ဆိုရင်တော့ 
gps location ကြည့်လို့ရပါတယ်။ အသုံးပြုကြည့်မဲ့ ဖုန်းနှစ်လုံးစလုံးမှာတော့ အဲဒီဆော့ဝဲလ်လေးထည့်ထားဖို့လိုပါမယ်
ကောင်မလေးဖုန်းမှာတော့ သူမသိအောင်ခိုးပြီးထည့်လိုက်ပေါ့။
  ထည့်ပြီးရင်  ကောင်မလေးဖုန်းထဲမှာ password ပေးခဲ့ပါ ကောင်မလေးဖုန်းထဲကို password
ပေးပြီးရင် ကြည့်လို့ရပါပြီ။ မိမိက ကောင်မလေးဖုန်းထဲက miss calls ကိုကြည့်ချင်တယ်ဆိုရင် command ကတော့ password က 123456 ပေးထားခဲ့တယ်ဆိုရင် 123456.getMissedCalls[5] လို့ရိုက်ပြီး ကောင်မလေးဖုန်းကို sms ပို့လိုက်ပါ။ ခဏနေ sms ပြန်လာပါလိမ့်မယ် ဖုန်းနံပါတ်ပါတစ်ခါတည်း တစ်ခါတည်းပါတယ်နော် ဆော့ဝဲလ်ထဲမှာ ရိုက်ရမဲ့ command list ပါပါတယ်ခင်ဗျာ စမ်းသပ်အသုံးပြုကြည့်လို့ရအောင်လို့ facebook က Ko Thiha Aung ရေးထားတဲ့ ပို့လေး ပြန်လည်မျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာ။စမ်းသုံးကြည့်ကြပါခင်ဗျား
 
 
 
Android သမားတွေအတွက် အရမ်းလန်းတဲ့ Free Call ခေါ်လို့ရတဲ့ ဆော့ဝဲအလန်းလေးပါ ။
ထိုဆော့ဝဲကို အသုံးပြုရာတွင်လဲ ဘာအကောင့်မှလုပ်စရာမလိုပါဘူး ။ မိမိဖုန်းခေါ်လိုသော ဖုန်းနံပါတ်ကိုနှိပ်ပြီး တိုက်ရိုက်ခေါ်ဆိုနိုင်ပါတယ် ။ ကိုယ်ခေါ်ဆိုသော တစ်ဘက်ဖုန်းမှာ အင်တာနက်ရော ထိုဆော့ဝဲရောရှိစရာ လုံးဝမလိုပါဘူး ။
သင်ထိုဆော့ဝဲကို အသုံးပြုရာတွင် သင့်အား $.30 ကျပ်ပေးထားပါတယ် ထိုပိုက်ဆံနှင့် သင်ခေါ်ဆိုခြင်းဖြစ်ပါတယ် အကယ်၍Freeပေးထားသော ထိုပိုက်ဆံကုန်သွားပါက ပိုက်ဆံထက်ဝယ်စရာမလိုပါဘူး သင့်ဖုန်းSettings ထဲသွားပြီး Clear Data သို့မဟုတ် Uninstall လုပ်ပေးလိုက်ပါက အရင်တိုင်းပိုက်ဆံပြန်ရောက်လာပါတယ် ။


မရောက်လာဘူးဆိုပါက သူ့ဆော့ဝဲထဲမှာ Get free credits for calls ဆိုတာရှိပါတယ် ဝင်လိုက်ပါ ။ အဲဒီမှာ Free ပေးထားတဲ့ဂိမ်းတစ်ခုခုကို ဒေါင်းလိုက်ပါ ။  ပြီးသွားရင် ပိုက်ဆံအမောက်ပြထားတဲ့ဘေးက Reflash လုပ်တဲ့ မြှားအဝိုင်းလေးတွေ့ပါမယ် အဲတာလေးကိုနှိပ်ပေးလိုက်ပါ ပိုက်ဆံတိုးလာပါလိမ့် ပထမဖရီးပေးတဲ့ ပိုက်ဆံထက်တောင် ပိုများလာတတ်ပါတယ် 

Market မှာ အခုနောက်ဆုံထွက်ဆော့ဝဲကို လိုချင်သူများ အောက်မှာဒေါင်းယူပါ
Market ကို ဝင်လို့ရသူများက Play Store မှာဖရီးပေးထားပါတယ် သွားရောက်ဒေါင်းယူနိုင်ပါတယ်


http://freemobilesharing.blogspot.com ကနေပြည်လည်မျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာ။



မိမိကွန်ပျူတာထဲမှာ ထရိုဂျန် (Trojan) ဒါမှမဟုတ် ဟက်ကာတစ်ယောက်ယောက် ဝင်ရောက်နေမှု ရှိမရှိ အလွယ်တကူရှာဖွေ ဖော်ထုတ်နိုင်မယ့် နည်းကောင်းတစ်ခုကို အိုင်တီ ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။
ကွန်ပျူတာမှာ ထရိုဂျန်လို့ခေါ်တဲ့ ကွန်ပျူတာဗိုင်းရပ်စ်ပဲဖြစ်ဖြစ်၊ ဟက်ကာပဲဖြစ်ဖြစ် ဝင်ရောက် နေပြီဆိုရင် စက်ဟာ နှေးကွေးလာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ထရိုဂျန်တွေ၊ ဟက်ကာတွေက မိမိကွန်ပျူတာကနေ မိမိရောက်လိုတဲ့ ကွန်ပျူတာ (သို့မဟုတ်) ဆာဗာတွေဆီကို အင်တာနက်ကနေ လှမ်းပြီး ချိတ်ဆက်နေလို့ဖြစ်ပါတယ်။
ဒီလိုဝင်ထွက်နိုင်ဖို့ ဝင်ပေါက်ထွက်ပေါက် (Port) နဲ့ ချိတ်ဆက်မှုလမ်း (Protocol) တစ်ခုခုကို အသုံးပြုရပါတယ်။ အများဆုံး အသုံးပြုတာက Transmissinon Control Protocol (TCP) ချိတ်ဆက်မှု လမ်းကြောင်းကို အသုံးပြုတတ်ပါတယ်။ ပုံမှန်ဝင်ပေါက်ထွက်ပေါက် နံပါတ်တွေ က သုညကနေ 1023 အတွင်းမျာ ရှိပေမယ့် ထရိုဂျန်နဲ့ တခြားဆော့ဖ်ဝဲတွေက Port 1024 ကနေ 49151 အတွင်းမှာ အသုံးပြုကြပါတယ်။
ဒါကိုဖော်ထုတ်နိုင်ဖို့ ဝင်းဒိုးမှာ အလိုအလျောက် ပါဝင်တဲ့ Netstat Tools ကို အသုံးပြုမှာ ဖြစ်ပါတယ်။ အရင်ဆုံး အင်တာနက်အသုံးပြုနေရင် Browser အားလုံးနဲ့ Software တွေကို ပိတ်လိုက်ပါ။ Windows Key+R ကို နှိပ်ပါ။ Run box လေးပေါ်လာပါလိမ့်မယ်။ CMD လို့ ရိုက်ထည့်ပြီး Enter နှိပ်ပါ။ Command Prompt ကို ရောက်သွားပါ့မယ်။
အရင်ဆုံး မိမိကွန်ပျူတာကနေ အပြင်ကို ဘာတွေထွက်နေလဲဆိုတာ လေ့လာပါ့မယ်။ Command Prompt မှာ Netstat-a လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါတယ်။ စာတန်း အရှည်ကြီးထွက်လာပါလိမ့်မယ်။ ပုံမှာကြည့်ပါ။ ဆက်ကြောင်းတစ်ခုဟု မိမိစက်ကနေ အပြင် lP တစ်ခုကို ထွက်နေတာတွေ့ရပါလိမ့်မယ်။ ကွန်ပျူတာမှာ ဆော့ဖ်ဝဲနဲ့ Browser တွေ အကုန် ပိတ်ထားပေမယ့် TCP ဆက်ကြောင်းကနေ ထွက်နေတာ ဖြစ်ပါတယ်။ Port တွေကို နံပါတ်နဲ့ မြင်ချင်ရင် Netstat-an လို့ ရိုက်ထည့်ပြီး ကြည့်ပါ။
မိမိကွန်ပျူတာမှာရှိတဲ့ ပရိုဂရမ်တစ်ခုခုက အင်တာနက် Connection ယူပြီး အပြင်ကို ထွက် နေသလားသိချင်ရင် Netstat-bn လို့ Command Prompt မှာရိုက်ထည့်ပြီး သုံးကြည့်ပါ။ အောက်ဖော်ပြပါပုံမှာ avp.exe ပရိုဂရမ်က အပြင် lP နံပါတ် 74.125.236.85 ကို Port နံပါတ် 443 ကို အသုံးပြုပြီး TCP ဆက်ကြောင်းကနေ ထွက်နေတာဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူတွေ ဘယ်ပရိုဂရမ်တွေက အပြင်ကို အင်တာနက်ကနေ တစ်ဆင့် ဝင်နေထွက်နေ သလဲဆိုတာ Netstat ကို အသုံးပြုပြီး ရှာဖွေနိုင်ပါကြောင်း ဖော်ပြလိုက်ပါတယ်။
Credit to

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် အရေးပေါ် အခြေအနေမျိုး ထပ်မံဖြစ်ပွားလာလျှင် ရုပ်သံဖြင့် တိုက်ရိုက်ကြည့်ရှုပြီး ညွှန်ကြားနိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က မိုဘိုင်းဖုန်း ဟန်းဆက်များတွင် သုံးသည့် Tango နှင့် Skype Software နည်းပညာများ အသုံးပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အဆင့် ရဲတပ်ဖွဲ့ရုံးများမှ ကွန်ပျူတာနှင့် အင်တာနက် ကျွမ်းကျင်စွာ အသုံးပြုတတ်သော ဒုရဲအုပ်(သို့) အရာခံ (သို့) တပ်ကြပ်ကြီးအဆင့်ရှိ ရဲဝန်ထမ်းများအား အဆိုပါ နည်းပညာ အသုံးပြုတတ်စေရန် ရဲချုပ်ရုံးတွင် ရက်တိုသင်တန်း ပို့ချသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်ရန် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးများကိုလည်း ညွှန်ကြားထားကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။ “Tango, Skype သုံးတော့ အခင်းဖြစ်ရပ်တွေ၊ အခြေအနေတွေကို တိုက်ရိုက်မြင်တွေ့နိုင်ပြီး တိုက်ရိုက် ညွှန်ကြားနိုင်တာပေါ့။ အခင်းဖြစ်ရပ်မှာ ရှိနေတဲ့ ရဲတပ်ဖွဲ့ အနေနဲ့လည်း အချိန်နဲ့တစ်ပြေးညီ ထိန်းသိမ်းဆောင်ရွက်နိုင်တာပေါ့” ဟု အထက်ပါ ရဲတပ်ဖွဲ့ဝင်က ပြောကြားခဲ့သည်။ ဖြစ်ပွားခဲ့သည့် အရေးပေါ် ဖြစ်ရပ်များတွင် ရဲတပ်ဖွဲ့၏ ထိန်းသိမ်း ဆောင်ရွက်မှုများ အားနည်းကြောင်း ထောက်ပြဝေဖန် ပြောဆိုမှုများရှိခဲ့ရာ ရဲတပ်ဖွဲ့အနေဖြင့် ယခုကဲ့သို့ အဆင့်မြင့် နည်းပညာများ သုံးစွဲရန် စီစဉ်လာခြင်း ဖြစ်နိုင်ကြောင်း နည်းပညာ ကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အရည်အသွေး မြှင့်တင်ပေးရန် အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံကြီး တချို့ကလည်း အကူအညီ ပေးလိုနေသည်။ ယခုအသုံးပြုမည်ဟုဆိုသော Software များသည် အင်တာနက် ချိတ်ဆက်ထားသော Android OS သုံး အလယ်အလတ်စား ဟန်းဆက်များနှင့် Tablet များတွင် အလွယ်တကူ တည့်သွင်း အသုံးပြုနိုင်ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Ref & Credit to 7 Days News

Wednesday, June 12, 2013


သက်တမ်း ၆ နှစ်ရှိပြီဖြစ်သော Virus တစ်ခု ပျံ့နှံ့နေပါသည်။ တစ်ယောက်ကူးစက်ခံရလျှင် Facebook ရှိ အခြားသူငယ်ချင်းများထံသို့ ပျံ့နှံ့ရောက်ရှိနိုင်သည်။ အထူးသတိထားကြပါ။

Virus အမည်မှာ Zeus လို့ခေါ်ပြီး Trojan အမျိုးအစားဖြစ်ပါသည်။ သင့် Bank အကောင့်များမှအစ Facebook Account အထိခိုးယူနိုင်ပြီး သင့်ကွန်ပျူတာထဲတွင် အချိန်ကြာမြင့်စွာ တွယ်ကပ်နေကာ အချိန်ကောင်းရမှ ပေါ်ထွက်တိုက်ခိုက်တတ်သည်။ Windows များတွင် အဓိက တိုက်ခိုက်ခံရပြီး Mac OS X နှင့် Linux အတွက် စိုးရိမ်စရာမရှိပါ။

သူငယ်ချင်းထံမှ လင့်ခ်များ Chat Box သို့ Message မှရောက်လာပြီး နှိပ်ရန် အင်္ဂလိပ်ဘာသာဖြင့် ပြောပါက အထူးသတိထားပါ။ သူငယ်ချင်းကို သေချာပြန်မေးပါ။

## အလျင်စလို လုံးဝ မနှိပ်မိပါစေနှင့် ##
အများသိအောင် Share လုပ်ပေးခြင်းဖြင့် Virus ရန်မှ ကာကွယ်ပေးပါရန်..

iMart Myanmar
From - Myanmar Online News

Friday, June 7, 2013



မိမိတို့အသုံးပြုနေတဲ့ android phone တခုလုံးရဲ့  စနစ်တွေကို

 လက်ကလေးနဲ့ sign သင်္ကေတ တခုခုရေးခြစ်လိုက်တာနဲ့

ကိုယ့်ဖုန်းမှာရှိတဲ့ system တွေကိုတိုက်ရိုက် ထိန်းချုပ်လုပ်ဆောင်ပေးသွားမယ့်

"Open Gesture Pro" ဆိုတဲ့ Tools အမျိုးအစား android ဖုန်းသုံး

application လေးတစ်ခုပါပဲ။ ဒီ apk လေးရဲ့ လုပ်ဆောင်ချက်

အသုံးဝင်ပုံတွေကတော့………… ကိုယ့်ဖုန်းရဲ့  Home Screen ပေါ်လေးမှာ

မိမိကြိုက်တဲ့ ရေးချင်တဲ့ အမှတ်အသား sign တခုခုကို လက်ညိုးလေးနဲ့ပဲဖြစ်ဖြစ်

လက်မလေးနဲ့ဖြစ်ဖြစ်ပေါ့ ရေးခြစ်လိုက်ပါ။ ပြီးရင် အဲဒိရေးခြစ်လိုက်တဲ့အမှတ်အသား

ကို မိမိအသုံးပြုချင်တဲ့ apk ပဲဖြစ်ဖြစ် အခြား ဖုန်းရဲ့ ဘယ်data ဘယ် function

ပဲဖြစ်ဖြစ် ရွေးချယ်ပေးထားလိုက်ပါ။ အဲလို ရွေးချယ်ပေးပြီးရင် back နဲ့ပြန်ထွက်လို့ရပါပြီ။

ဒါဆို ဖုန်းရဲ့  Home Screen ပေါ်ကို ကိုယ် ခုနက ရေးမှတ်လိုက်တဲ့ sign အမှတ်အသား

သင်္ကေတကို ရေးပေးလိုက်တာနဲ့ ကိုယ်ခုနက ရွေးပေးထားတဲ့ apk ပဲဖြစ်ဖြစ် ဘာကိုပဲဖြစ်ဖြစ်

ပေါ့ အဲဒိကို တိုက်ရိုက်ရောက်သွားမှာဖြစ် ပါတယ်။ ဥပမာကိုယ်က facebook ကိုသွားချင်တယ်

ဆိုရင် Home Screen ပေါ်မှာ ကိုယ်ကြိုက်ရာ သင်္ကေတတခုခု f ဆိုပြီးတော့လက်ကလေးနဲ့

ရေးခြစ်ပေးလိုက်ပြီး select shortcut မှာ facebook apk ကိုရွေးပေးထားလိုက်ပါ။

ဒါဆိုကိုယ် facebook ကိုဝင်ချင်ရင် Home Screen ပေါ်ကို ခုနရေးခြစ်ထားတဲ့ f ဆိုတာကို

ရေးပေးလိုက်တာနဲ့ facebook ပေါ်ကို တိုက်ရိုက်ရောက်ရှိသွားပြီးအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

   ……အသုံးပြုပုံ ကတော့………

အရင်ဆုံး ဒီ Open Gesture Pro ဆိုတဲ့ application လေးကို  ဒေါင်းယူလိုက်ပါ။

ပီးရင် apk ကို install လုပ်ပါ။

ပြီးရင် ဒီ Open Gesture Pro ဆော့ဖ်ဝဲထဲ  ကိုနှိပ်ဝင်ပါ။

ပြီးရင် ဖုန်းရဲ့ ဘယ်ဘက်အောက်ထောင့်နား

လေးက လက်ဝါးပုံ လေးကို click နှိပ်လိုက်

ရင် ကိုယ်ရေးခြစ်စရာနေရာ page တခုပွင့် လာပါလိမ့်မယ်။

ပြီးရင် Menu နေရာကိုတချက်နှိပ်ပြီး Add Gesture နဲ့ Manage Gesture

ဆိုတာကိုတွေ့ ရလိမ့်မယ်။ Add Gesture ဆိုတာကိုနှိပ်ပြီး အပေါ်က

screen ပေါ်မှာ ကိုယ်ရေးချင်တဲ့ sign သင်္ကေတကိုရေးခြစ်လိုက်ပါ။

ဥပမာ Gtalk ကိုဝင်ချင်တယ်ဆိုရင်ရင် t ပုံလေးရေးပေးပေါ့ဗျာ။ကိုယ်ကြိုက်ရာ

သင်္ကေတကိုရေးနိုင်ပါတယ်။ ရေးပြီးရင်တော့ အောက်က Assign ဆိုတာ

ကို click နှိပ်ပါ။အဲဒိမှာ ရွေးစရာ system တွေ function တွေ ပေါ်လာလိမ့်မယ်။

အဲဒိထဲက Application ဆိုတာထဲဝင်ပြီး talk ဆိုတဲ့ apk ကိုရွေးပေးလိုက်ရင် ရပါပြီ။

ရွေးပေးပြီးရင်တော့ back နဲ့ပြန်ထွက်လို့ရ ပါပြီ။ကိုယ်အသုံးပြုမယ်ဆိုရင်

screen ပေါ်ကို လက်လေးနဲ့ ခုနကရေးခြစ် မှတ်ထားတဲ့ t လေးကိုရေးပေးလိုက်တာနဲ့

တပြိုင်နက် Gtalk ဆီကိုတိုက်ရိုက်ရောက်ရှိ အသုံးပြုလို့ရမှာဖြစ်ပါတယ်။

သုံးရတာ မြန်ဆန်မှု ရှိတာပေါ့ဗျာ။ အဲ Gesture List တွေကိုပြန်ပြင်ချင်တယ်

ဆိုရင် လက်ဝါးပုံ လေးကိုနှိပ်  Manage Gesture ကိုနှိပ်ဝင်။

အဲဒိမှာ Gesture List ပေါ်လာပြီး ကိုယ်ရေးမှတ်ထားတဲ့ sign အက္ခရာပုံတွေ

နဲ့ icon တွေကိုတွေ့ ရမှာပါ။ကိုယ့် စိတ်ကြိုက် Edit ပြန်လုပ်နိုင်ပါတယ်။

ကိုယ်ခေါ်ချင်တဲ့ ဖုန်းcontact တွေကိုလည်း အထက်ပါနည်းအတိုင်းလုပ်ဆောင်ပြီး

sign သင်္ကေတလေးရေးခြစ်လိုက်တာနဲ့ တိုက်ရိုက်ဖုန်းခေါ်ဆိုနိုင်ပါတယ်။

ဒါ့အပြင် screen ပေါ်ကိုလည်း shortcut တွေတင်ထားလို့လည်းရပါသေးတယ်။

နဂို Launcher ကိုပဲပြန်သုံးချင်ရင် Home Button ကိုနှိပ်လိုက်ပြီး complete action using နေရာမှာ

ကိုယ့်နဂို Launcher ကိုပြန်ရွေးပေးလိုက် ရင်ရပါပြီ။

တော်တော်လေးအသုံးဝင်ပြီး အသုံးပြုရတာ မြန်ဆန်ပြီး သုံးလို့ကောင်းတဲ့ apk လေးတခု ပါ။
         >>>>> DOWNLOAD <<<<<   
Gtalk ထဲမှာချက်ကြတဲ့အခါ တစ်ချို့ တစ်ချို့တွေက ကျွန်မက ကျွန်တော်က ခုစင်္ကာပူမှာကျောင်းတက်နေတာ၊ Uk မှာအလုပ်လုပ်နေတာ၊အော်ဇီ မှာ shopping ထွက်ရင်း လျှောက်လည်နေတာ အစရှိသည်ဖြင့် မြန်မာနိုင်ငံ က public cafe တစ်ခုခုကနေလျှေက်ပြောနေတဲ့ ကိုကိုတွေ၊မမတွေကိုခြေရာခံလို့ရပါပြီ။နောက်ပြီးကိုယ်ပို့လိုက်တဲ့ မေးကိုလဲသူဖတ်မဖတ် စစ်လို့ရပါတယ်။

(သိရှိပြီးသူများအား အားနာပါတယ်။မသိသေးသူတွေအတွက်ရည်ရွယ်ပါတယ်)



အဆင့် ၁- browser တစ်ခုကနေ http://www.spypig.com ဆိုပြီးဖွင့်လိုက်ပါ။အောက်ကပုံပါတဲ့မျက်နှာပြင်တခုကျလာမှာပါ




အပေါ်ကပုံမှာပြထားတဲ့အတိုင်း



အဆင့် ၂- spying page ပွင့်လာရင် your email address မှာ သင့် email(or)gmail ကိုရေးထည့်လိုက်ပါ။



အဆင့် ၃- your message title မှာရေးခြင်တာတစ်ခုရေးလိုက်ပါ။(ဥပမာ- hi)။



အဆင့် ၄- your spypig tracking image မှာပေးထားတဲ့ပုံတွေထဲကနှစ်သက်ရာတစ်ပုံရွေးလိုက်ပါ။



အဆင့် ၅- Click to Create my SpyPig ဆိုတာကို click လိုက်ပါ။





အဆင့် ၆ -လက်ရှိဖွင့်ထားတဲ့ browser မှာပဲ new tab တစ်ခုခေါ်ပြီး မိမိ gmil ကိုဖွင့်လိုက်ပါ။ပြီးရင် compose mail ကိုဖွင့်လိုက်ပါ။



အဆင့် ၇ -ပြီးရင်စောစောက spying page မှာရထားတဲ့ပုံလေးကို mouse နဲ့drag ဆွဲယူလာပြီးGmailဖွင့်ထားတဲ့ tab နေရာထိဆွဲယူသွားပါ။ gmail ဖွင့်ထားတဲ့ Tab ရောက်တာနဲ့ စောစောကဖွင့်ထားတဲ့ gmail compose mail ပေါ်လာရင်

mail body နေရာမှာ အဲဒီဟိုဘက်ကဆွဲယူလာတဲ့ ပုံလေးကို ကလစ်လွှတ်ချလိုက်ပါ။ဒီလိုမလုပ်တတ်လို့

မရှင်းဘူးဆိုရင်လည်း ကျနော် ပုံမှာပြထားတဲ့ အတိုင်း ကိုယ်ရွေးထားပေးတဲ့ပုံလေးကို မောက်နဲ့ ဒရက်(ဂ်)ဆွဲ

hilight ဖြစ်သွားရင် Copy (Ctrl+C) လုပ် Gmail Compose mail က mail body မှာ Ctrl+V နှိပ်ပေးလိုက် ရင်လဲရပါတယ်



အဆင့် ၈ -ပြီးရင်ခါတိုင်းပို့နေကျပုံစံအတိုင်း ခေါင်းစဉ်တစ်ခုတပ်ပြီး ကိုယ် spy လုပ်ချင်တဲ့သူဆီပို့လိုက်ပါ။



(ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖွင့်လိုက်တာနဲ့  Spypig ကနေ တစ်ဖက်က Mail ဖတ်ပြီးတဲ့အကြောင်း

ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။အဲဒီထဲမှာ တစ်ဖက်လူရဲ့ IP လည်း ပါလာပါလိမ့်မယ်။ IP ရပြီဆိုရင် တစ်ဖက်လူကဘယ်နိုင်ငံမှာလဲဆိုတာထောက်လှမ်းလို့ရပါပြီ။)




 အပေါ်ကပုံလို  SpyPig  က မေး(လ်) နှစ် စောင် ပို့လာပါမယ်

ဒုတိယအစောင်ကိုဖောက်လိုက်ရင် အောက်ကပုံအတိုင်းတွေ့ရမှာပါ




အဆင့် ၉-http://www.ip2location.com/free.asp ဆိုတာကိုဖွင့်လိုက်ပါ။



အဆင့် ၁၀-စောစောကရရှိလာတဲ့ တစ်ဖက်လူရဲ့ IP ကို Enter IP Address(es):နေရာမှာရိုက်ထည့်လိုက်ပါ။(သေချာရိုက်ပါလွဲလို့မရပါ။)



အဆင့် ၁၁-Find location ကို click လိုက်ပါ။



(အဲအဆင့်တွေပြီးပြီ ဆိုရင် တစ်ဖက်လူက ဘယ်နိုင်ငံကလဲဆိုတာ ဖော်ပြပါလိမ့်မယ်။ )



ဖတ်ရှုမှုအတွက်ကျေးဇူးတင်ပါတယ်။ online ပေါ်မှလိမ်လည်မှုတွေကင်းဝေးကြပါစေ။

ကိုဆရာကြီးရေးသောပို့(စ်)ကို ကျနော်ပြန်ပြီးဖြည့်စွက်ထားတာ ဖြစ်ပါတယ် 
By- Ayng kyaw
 
အင်တာနက်ရှိရုံဖြင့် ဖုန်းပြော message ပို့ ၊ ဗီဒီယိုချက်တဲ့ ဆော့ဝဲတွေက
android အတွက် တော်တော်လေးများပါတယ် 
အခုတင်ပေးလိုက်တဲ့ Aire Talk လေးကလည်း တစ်မျိုးအပါအ၀င်ပါ
သူကတော့ လွယ်တယ် Facebook အကောင့်နဲ့ဝင်ရတာဆိုတော့
ကိုယ့် Facebook ထဲက လူတွေထဲက Aire talk သုံးသူတွေဆို
တွေ့နိုင်ပါတယ်   ဒီ apk လေးရဲ့ ထူးခြားချက်က
walkie talkie လိုကခေါ်တဲ့ ကျွန်တော်တို့ဆီမှာ မော်တော်ပီကယ်တွေ
ခဏခဏသုံးရတဲ့ icon စက်လိုမျိုးပေါ့ တစ်ယောက်က ပြောချင်ရင်
နှိပ်ပီးပြော နောက်တစ်ယောက်ကလည်း ပြောချင်ရင် နှိပ်ပြီးတော့ 
ဘော်ဒါတို့သိလောက်ပါတယ်.. 

Thursday, June 6, 2013


View IMEI number >>> *#06# ဒါကတော့ ဘယ်ဖုန်းမဆို သုံးနိုင်တဲ့ ကုဒ်လေးပါ
PDA/PHONE/CSC-version >>> *#1234#
Usage stats and device info >>> *#*#4636#*#*
GSM Status >>> *#0011#
WLAN-MAC address >>> *#*#232338#*#*
Battery stats >>> *#0228#
Testing mode >>> *#0*#
Hard Reset >>> *2767*3855#
Factory data Reset >>> *#*#7780#*#*
Show Real Time Clock (RTC) >>> *#0782#
UART/USB >>> *#9090#
Lock status >>> *#7466625#
Service Mode >>> *#197320640#
Band Selection >>> *#2263#
Touchscreen Firmware Version >>> *#*#2663#*#*
Touchscreen test >>> *#*#2664#*#*
Proximity test >>> *#*#0588#*#*
Vibrator test >>> *#0842#
Audo test menu >>> *#0672#
G talk service monitor >>> *#*#8255#*#*
Power Button settings >>> *#*#7594#*#*
Sys Dump >>> *#9900#
Nand Flash Unique Number >>> *#03#
Cliphering info >>> *#32489#
Backup media files >>> *#*#273283*255*663282*#*#*

ရုတ်တရက် ကြည့်ရင် Androidလို့ ထင်ရနိုင်ပါတယ်။ Touch Screenကို စမ်းကြည့်မယ်ဆိုရင် ကွဲပြားစွာသိရှိနိုင်ပါတယ်။ခက်တာက Androidကို အသုံးပြုထားတဲ့ တစ်ချို့ Handsets တွေမှာ Android အစစ်ဖြစ်တယ်ဆို
တာကို သိနိုင်ဖို့ခက်ပါတယ်။

တစ်ချို့ Handsetsတွေက များသောအားဖြင့် Clone Handsets တွေမှာတွေ့
ရတတ်ပါတယ်။ Androidအစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေ အကုန်
ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Androidဖုန်းတွေက Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းတွေ မဟုတ်ကြပါဘူး။

Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ဖုန်းတွေ
က ဘာတွေကွဲပြားလဲဆိုရင်တော့ ကွဲလွဲတာတွေသိပ်မရှိပေမဲ့။ Brand အ
စစ်နဲ့ခွဲခြားလို့မရအောင်တူတဲ့ Clone Handsetsတွေမှာ Android အစစ်
မဟုတ်တာတွေကို သုံးထားတာဖြစ်တဲ့အတွက် Brand အစစ်ဆိုပြီး ၀ယ်
လိုက်မိသွားမှာ စိုးရိမ်တဲ့ Android User တွေ အတွက်ဒီနည်းလမ်းလေးကို
ပြောပြလိုက်ပါတယ်။

အခုနောက်ပိုင်းဝင်လာတဲ့ Samsung Galaxy Mini တွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားပါတယ်။ လုံးဝကို အစစ်နဲ့တူပါတယ်။ အဲ့လိုဖုန်းတွေကို အစစ်မဟုတ်ကြောင်း ဘယ်လိုစမ်းနိုင်လဲဆိုရင်၊ အလွယ်ဆုံးက Setting ထဲကိုဝင်ပြီး Display ကိုရှာလိုက်ပါ။

Samsung Galaxy Series တွေအတွက်ဒီနည်းနဲ့ စမ်းကြည့်လို့ရပါတယ်။ Displayထဲမှာ Font Style ကိုရှာကြည့်လိုက်ပါ။ တွေ့ရင်အစစ်ဖြစ်ကြောင်း ယုံလို့ရပါတယ်။ မတွေ့ရင် အစစ်မဟုတ်ဘူးပေါ့ဗျာ။

နောက်တနည်းကတော့ လုံးဝအစစ်ဖြစ်တယ်ဆိုတာကို စမ်းကြည့်
လို့ရပါတယ်။ Setting ထဲကိုဝင်လိုက်ပါ။ About Phone ကိုတွေ့ပါ
လိမ့်မယ်။ Android Version 4.0.4 စသဖြင့်ရေးထားတဲ့ နေရာလေး
ကို ၃ခါ လေးခါလောက် ဆက်တိုက်နှိပ်ကြည့်ပါ။

စက်ရုပ်ပုံလေးပေါ်လာပြီး Android Versionရယ် ICS, Jelly Bean ဆိုတာကို ဖေါ်ပြပေးပါလိမ့်မယ်။ နောက်ပြီး စက်ရုပ်ပုံလေးကို ဆက်ဖိထားလိုက်ရင် စက်ရုပ်ပုံလေးတွေပြေးနေတာကို တွေ့ရ
ပါလိမ့်မယ်။ Clone Handsetsတွေမှာ အဲ့ဒီလိုဖြစ်အောင်မလုပ်
နိုင်ပါဘူး။

ဒီနည်းလမ်းတွေက Android ဖုန်းတွေကို အစစ်ဟုတ်မဟုတ် စစ်ကြည့်လို့ရနိုင်ပါတယ်။အတုအစစ် ခွဲခြားဖို့အတွက် အလွယ်
ကူဆုံး နည်းလမ်းနဲ့ အထက်မှာပြောပြထားတဲ့အတွက် လုံလောက်
ပြီးအဆင်ပြေကြမယ်ထင်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်

Source: IT GARDEN
 
Botnet ပိုင်းလေ့လာချင်နေတဲ့ညီကိုများအတွက်..တိုက်ကြီးသားရေးထားတဲ့
ပြု့ လုပ်နည်းစာအုပ်နဲ့  Botnet လေးပါ တင်ပေးလိုက်ပါတယ်..

 Bot မွေးနည်းစာအုပ်ရယူရန်                   >>> DOWNLOAD <<<
                Botnet ရယူရန်                   >>> DOWNLOAD <<<

Tuesday, June 4, 2013


ဒီစာအုပ်ကတော့ SATURNGOD ရေးသားထားတဲ့ HTML အခြေခံစာအုပ်လေး ဖြစ်ပါတယ်
အရေးအသားကောင်းလွန်းတဲ့အတွက် တစ်ခါဖတ်လိုက်တာနဲ့ နားလည် သဘောပေါက်သွားတဲ့
စာအုပ်လေးပါ အားလုံးအဆင်ပြေနိုင်ကြပါစေ။
                     ဒီနေရာမှာကနေ >>>>> DOWNLOAD <<<<< ယူသွားပါ

ဒီဂိမ်းလေးကကစားလို့အရမ်းကောင်းပါတယ်..ထောင်မှူး ရဲ့အခြေအနေကို ကြည့်ပြီး ထောင်ဖောက်ရတာဖြစ်ပြီး….အချိန်ကလည်း တစ်မိနစ်ပဲပေးပါတယ် ဖမ်းမိသွားခဲ့ရင် အခုသုံးတဲ့ လက်နက်နဲ့ပဲ ဆော့ရမှာဖြစ်တာကြောင့်  ဂရုစိုက်ပြီးဆော့ကာမှ တန်ကာကျပါလိမ့်မယ်  ထောင်ဖောက်ဖို့  tool  တွေက တစ်ဆင့်ချင်းတက်ရင် ပေးသွားမှာဖြစ်ပါတယ်။
                            >>>>> DOWNLOAD <<<<<

Basic DNN Hacking Myanmar Version for Myanmar Beginners စာအုပ်လေးပါ အသုံးတည့်မယ်ထင်လို့ တင်ပေးလိုက်ပါတယ် ဒီနေရာကနေ   >>>DOWNLOAD<<< ယူသွားပါ။ 

Comment