Tuesday, May 21, 2013

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မြောက်ဘက် ၁၆ မိုင်အကွာ ကုလားတန်မြစ်၏ အနောက်ကမ်းတွင် ရှိသည်။ ၁၉၀၅ ခုတွင် မြို့ဖြစ်လာသည်။ မြို့နယ်ဧရိယာ ၄၄၀ စတုရန်းမိုင်ရှိသည်။ လူဦးရေ တစ်သိန်းမျှ ရှိ သည်။ မြို့နယ်သည် မြောက်မှ တောင်သို့ တန်းနေပြီး တောတောင်ထူသည်။ မြို့ပေါ်တွင် ရပ်ကွက် (၄)ခုနှင့် မြို့နယ်အုပ်စု (၉၆) အုပ်စုတို့ဖြင့် ဖွဲ့စည်းထားပါသည်။ ဘဲငါးရာတောင်သည် ထင်ရှား သည်။ အရှေ့ဘက်တွင် ယိုးချောင်း၊ အနောက်ဘက်တွင် တောဖျားချောင်း စီးဆင်းသည်။ မြို့နယ်သည် ဆန်စပါးနှင့် ဥယျာဉ်ခြံမြေစိုက်ပျိုးခြင်းများကြောင့် ထင်ရှားသည်။ ၀ရိုက်တောင်(ဦးရာဇ်တောင် ဘုရား) ၊ ဂူဝနှင့် ဒီပါရုံ(ကျောက်ဝေ) တို့သည် အဓိကရ စေတီများဖြစ်ကြသည်။ ရှေးအခါက ပုဏ္ဏားများ နေထိုင်ရာအရပ်တွင် မြို့တည်သဖြင့် ပုဏ္ဏားကျွန်း မြို့အမည်တွင်သည်။ မြို့တဖက်ကမ်းတွင် ၀ရိုက်တောင်မြို့ဟောင်းရှိပြီး ရှေးဘုရင်ခေတ် ရေတပ်ဌာနချုပ် ဖြစ်ခဲ့သည်။

0 comments :

Post a Comment

Comment