Friday, May 24, 2013


ဆက်သွယ်ရေးလုပ်ငန်း ဝန်ဆောင်မှုပေးမည့် ကုမ္ပဏီ များ အရည်အသွေး သတ်မှတ်ချက် ချို့ယွင်းပါက ဒဏ်တပ်မည် ဟု ဆက်သွယ်ရေးနှင့် သ တင်းအချက်အလက်နည်းပညာဝန်ကြီး ဌာနမှဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောသည်။

”ဆက်သွယ်ရေးအော်ပရေတာ ကုမ္ပဏီတွေကို အရည်အ သွေးသတ် မှတ်ချက်တွေ ထားရှိမှာပါ။ ဥပမာ ဖုန်းခေါ်ဆိုမှု အကြိမ် ၁ဝဝမှာ ၉၉ ကြိမ်လိုင်း မိရမယ်။ ခေါ်လို့မရဘူး။ လိုင်း မမိတာတွေများမယ်ဆိုရင် ဒဏ်တပ်မှာပါ”ဟု ၄င်းက မေ ၁၃ ရက်တွင် ပြုလုပ်သည့် စာနယ်ဇင်းတွေ့ဆုံပွဲတွင် ပြော သည်။ အော်ပရေတာနှစ်ခုကိုလည်း ဇွန်လတွင် ရွေးချယ်ပေးသွားမည်ဖြစ်ပြီး ရွေးချယ်ခံရသည့်အော်ပရေတာများအနေဖြင့် ဒေါ်လာနှစ်ဘီလျံခန့် ရင်းနှီးမြှုပ်နှံရဖွယ်ရှိကြောင်း ၄င်းကပြော သည်။”အကောင်းဆုံးနဲ့ အတွေ့အကြုံအများဆုံး ကုမ္ပဏီကို ရွေးချယ် မှာပါ”ဟု ၄င်းက ဆက်ပြောသည်။

ယင်းအပြင် ဖုန်းသိပ်သည်းဆကို ၂ဝ၁၅ ခုနှစ်တွင် ၅ဝ ရာခိုင်နှုန်းရရှိ ရန်မျှော်မှန်းထားကြောင်း ယင်းကြောင့် ရွေးချယ် ခံရသည့် ဆက်သွယ်ရေးေ အ်ာပရေတာများအနေဖြင့် နှစ်နှစ်ခွဲ အတွင်း မျှော်မှန်းထားသည့် ဖုန်းသိပ်သည်းဆရရှိအောင် အ ကောင်အထည်ဖော်သွားရမည်ဖြစ်ကြောင်း ၄င်းကဆက်ပြော သည်။ဖုန်းသိပ်သည်းဆ မြှင့်တင့်ရာတွင် မိုဘိုင်းဖုန်းနှင့် ကြိုး ဖုန်းနှစ်မျိုးစလုံး တိုးတက်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ၂ဝ၁၃ မှ ၂ဝ၁၆ ခုနှစ်အထိ ဖုန်းလိုင်း ၃၉ သန်းခွဲ ကို ရောင်းချသွားရန်စီစဉ်ထားကြောင်း ၄င်းက ထပ်လောင်း ပြော သည်။လက်ရှိ တွင် မြန်မာနိုင်ငံ၏ တယ်လီဖုန်းသိပ်သည်းဆမှာ ခုနှစ်ရာခိုင်နှုန်းသာရှိပြီး ယင်းအနက် အော်တိုတယ်လီဖုန်း သိပ်သည်းဆမှာ ၁ဝဝ ရာခိုင်နှု န်းကျော်သာ ရှိသည်။

Credit : Popular Myanmar News Journal

0 comments :

Post a Comment

Comment