Friday, May 31, 2013
  Android Device တွေအတွက်  တကယ်ကောင်းတဲ့ Booster လေးပါ... Battery,Internet,WiFi စ,တာတွေကို အကောင်းဆုံးဖြစ်အောင် မြှင့်တင်ပေးနိုင်ပါတယ်...။  သတိထားမိတာကတော့ အင်တာနက်သုံးတဲ့အခါ ပိုပြီးမြန်ဆန်စေတာတွေ့ရပါတယ်... စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းယူနိုင်ကြပါတယ်...။
               ---------->>>>> DOWNLOAD <<<<<----------
Thursday, May 30, 2013
၂၅၀ ဘီလီယံ နီးပါးရှိတဲ့ အီးမေးလ်တွေဟာ နေ့ စဉ် အွန်လိုင်းပေါ်ကနေ
ပို့ ဆောင် ဆက်သွယ်ရင်းအသုံးပြုနေကြပါတယ်။ ၂၀၁၂ ခုနှစ် စစ်တမ်းအရ အီးမေးလ် မာကတ်တင်း အရေအတွက်ဟာဝ.၀၀၀၀၀၀၃၅ စက္ကန့် မှာ
တစ်စောင်နှုန်း ဖြန့် ဝေလျက်ရှိပါတယ်။
အီးမေးလ်တစ်စောင် ဟာ ဘယ်လောက် အထိ အရေးပါသလဲ??
တခါတစ်လေမှာ အီးမေးလ်ကို ရီပို့ တင်တဲ့အခါ ဖြစ်ဖြစ် ၊ အလုပ်ရှာဖို့ ပဲ ဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းသုံးတာပဲ ဖြစ်ဖြစ်
ကိုယ်ချစ်ခင်တဲ့ သူတစ်ယောက်ယောက်ကို သတိရကြောင်း
စာ ပို့ တာဖြစ်ဖြစ် အသုံးပြုတက်ကြပါတယ်။
အကယ်လို့ ကိုယ်ပို့ လိုက်တဲ့ မေးလ်ဟာ ပြန်စာအနေတဲ့ တုန့် ပြန်တဲ့ အရိပ်အယောင် မတွေ့ ဘူး ဆိုရင်သေချာပါတယ် သင်ပို့ လိုက်တဲ့
အီးမေးလ်ဟာ တစ်ခုခု မှားယွင်းနေတာပဲ ဖြစ်နိုင်ပါတယ်။
အထူးသဖြင့် ချစ်သူ ခင်သူဆီကို ပို့ လိုက်တဲ့ မေးလ်တောင် ပြန်စာမလာဘူး ဆိုခဲ့ရင် ပို့ တဲ့ အီးမေးလ်မှာ တစ်ခုခုမှားနေပါပြီ။
အခု တင်ပြမဲ့ အချက်အလက်တစ်ချို့ ကတော့ အကောင်းဆုံး မေးလ်တစ်စောင်၊ အချက်အလက် ပြည့်စုံတဲ့ မေးလ်တစ်စောင် ဘယ်လို
ပို့ မလဲ ဆိုတာနဲ့ အီးမေးလ်ပို့ တဲ့ အခါ အသုံးပြုရမဲ့ ကျင့်ဝတ်တစ်ချို့ ကို
မျှဝေ သွားမှာပါ။
-- Subject Line
===========
အီးမေးလ်တစ်စောင်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းလို့  ဆိုနိုင်ပါတယ်။
ဒီ Subject နေရာမှာ ထည့်ရေးထားတဲ့ စာတိုဟာ သင့် အီးမေးလ်ကို လက်ခံရရှိတဲ့ သူအနေနဲ့  ဖတ်မလား ဖျတ်မလား ဆိုတဲ့ အတွေးကို
အဆုံးအဖြတ် ပေးနိုင်ပါတယ်။
ဟုတ်ပါတယ်.. မေးလ်ဘောက်စ် ကို ရောက်လာတဲ့ အီးမေးလ်တစ်စောင်မှာ
Subject က အရေးပါ ပါတယ်။ ဘာအတွက် ပို့ တဲ့ စာလဲ ။ ဘာကြောင့် ဖတ်သင့်သလဲဆိုတာကို Subject က အဖြေပါ။
မှန်ကန်တဲ့ အချက်အလက် ဖြစ်ရမယ်။ တိကျပြီး ထိရောက်ရမယ် ။ Subject ကို ဖတ်မိတာနဲ့  စာပုဒ်တစ်ခုလုံးကို ဖတ်ဖို့ စိတ်ဖြစ်ပေါ်လာစေရမယ်။ Subject ဟာ ကိုယ်ပို့ တဲ့စာရဲ့  အချက်အလက် တို ဖြစ်တဲ့ အတွက်
ထိရောက်ပါစေ ။ ရှည်လျားထွေပြားတဲ့ ခေါင်းစီးစာတော့ မဖြစ်သင့်ပါ။ မဖြစ်မနေ ဖတ်စေချင်တဲ့ စာဆိုရင် စာလုံးပေါင်းနဲ့ အထားအသို
မှန်သင့်ပါတယ်။ အသေအချာ အကြံပြုချင်တာက No Subject ဆိုတဲ့
စာကို မပို့ မိစေဖို့ လိုပါတယ်။
-- ပထမဆုံး စာကြောင်း
===========
Hi ဘယ်သူ ဘယ်ဝါ ဆိုတာ ပထမဆုံးထည့်ပြီး နှုတ်ဆက်ရမှာ ဖြစ်ပါတယ်။
ပို့ မည့်သူနာမည် သိရင်လည်း သူ့ နာမည်ကို ရည်ညွန်းပြီး ရေးရပါမယ်။
ဒါက မိမိစာပို့ တဲ့သူတို့ ဘယ်လောက် အလေးထားကြောင်း မြင်သာ
စေပါတယ်။ ထိုစာကြောင့်က သင့် စာတစ်ပုဒ်လုံးကို ဖတ်ဖို့ ဆွဲဆောင်မှာ ဖြစ်ပါတယ်။
--စာကိုယ်
=======
ရှည်လျား ထွေပြားတဲ့ အပြင် ဖတ်ရတာ လိုရင်းမရောက်တဲ့ အီးမေးလ် စာကိုယ်ဟာ စာပုဒ်မဆုံးခင် အပိတ်ခံရဖို့ ဖြစ်နိုင်ပါတယ်။
ဘယ်သူမှ သင့်ဘ၀အကြောင်းကိုဖတ်ဖို့ အချိန်မပေးနိုင်ကြပါဘူး။
အဓီက ပြောချင်တာက တိုပြီး လိုရင်းရောက်တဲ့စာဖြစ်ပါစေ ။
ကိုယ်ပေးချင်တဲ့ အချက်အလက်ကို ထိထိရောက်ရောက် ပေးနိုင်တဲ့
စာဖြစ်ပါစေ။ ပြောချင်တဲ့ အဓီပယ် ရှင်းလင်းပြီး လက်ခံမဲ့သူနဲ့  တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာ ဖြစ်ဖို့ လိုပါတယ်။
--အဆုံးသတ်
==========
အီးမေးလ် တစ်စောင်ရဲ့ အဆုံးသတ်ဟာ မေးလ်အစပိုင်းမှာ စတင်ရေးခဲ့တဲ့ ပုံစံလို အရေးကြီးပါတယ်။
အဆုံးသတ် စာကြောင်းဟာ စာဖတ်မဲ့ သူကို ဘာကို လုပ်ပေးစေချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြရပါမယ်။
ဒါပေမဲ့ အမိန့် ပေးတဲ့ ပုံစံ နဲ့ တော့ မရေးရပါဘူး။ စာကြောင်းအဆုံးသတ် ဟာ သင့်ဆီက အဖြေကောင်းကို စောင့်နေပါမယ် တို့  သင့်အကြံညဏ်ကို မျှော်လင့်နေပါတယ် လို့  စတဲ့ စကားလုံးတွေနဲ့ သင်ပြောပြချင်တဲ့ စကားလုံးကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်ရပါမယ်။
အကယ်လို့  .... ပေါ့ပေါ့ပါးပါး စာ တစ်စောင် ဆိုရင်တော့ ကျေးဇူးအများကြီးတင်ပါတယ်။ လေးစားစွာဖြင့်.. ဆိုပြီး အဆုံးသတ်ကို မိမိနာမည်ထည့်ပြီး ရေးရပါမယ်။
နောက်ပြီးအဆုံးမှာ မိမိရဲ့  Social Network လိပ်စာများကို ထည့်သွင်းနိုင်ပါတယ်။ Facebook, Twitter, LinkedIn စတဲ့ လင့်များထည့်ပေးခြင်းဟာ ပိုပြီး လေးနက်စေပြီး မိမိကိုယ်ကိုယ်
ယုံကြည်မှု ပိုတိုးစေပါတယ်။ အဲ့ဒီအတွက် စာလက်ခံတဲ့ သူဟာ သင့်ကို ပရောဖက်ရှင်နယ် ဆန်တဲ့ သူတစ်ယောက်ဆိုတာ စာဖတ်ပြီး တန်းသိစေမှာပါ။
အထက်ပါ အချက်အလက်များကတော့ အီးမေးလ် အသုံးပြုတဲ့ ကျင့်ဝတ် တစ်ချို့ ပဲ ဖြစ်ပါတယ်။ နိုင်ငံ တကာမှာတော့ အီးမေးလ် မာကတ်တင်း လုပ်တဲ့ အခါ အထက်ပါ နည်းများအတိုင်း စာလက်ခံသူများကို ဆွဲဆောင်ပြီး မိမိတို့  လုပ်ငန်း ကြေငြာ Promotion များကို ဖြန့် ဝေလေ့ရှိပ့ါတယ်။
တဖက်ကနေလည်း Online Marketing , Email Marketing လုပ်တဲ့ အခါ အသုံးပြုလေ့ရှိပြီး အသုံးပြုမှု နည်းသေးတဲ့ ကျနော်တို့ အနေနဲ့  ထိထိရောက်ရောက် အသုံးပြုစေလိုတဲ့ ရည်ရွယ်ချက်နဲ့  တင်ပြလိုက်ရပါတယ်။
(Stuff Myanmar Magazine ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။)
Android တွေမှာ ဖုန်းအဖွင့်အပိတ်ဆိုတာ အမြဲလုပ်နေရတာပါ …. Power Switch ကို အမြဲနှိပ်နေရလို့ ခလုတ်ပျက်တဲ့ဖုန်းတွေအများအပြား မြင်တွေ့နေရပါတယ်။ ဒါကို အဆင်ပြေစေတဲ့ အလွန်ကောင်းတဲ့ Android App ဖြစ်ပါတယ်။ ခုံပေါ်ကို တင်ထားရင်ပဲဖြစ်ဖြစ် အိတ်ကပ်ထဲကို ထည့်လိုက်တာပဲဖြစ်ဖြစ် အလိုလို Screen ကိုပိတ်ပေးပြီး လက်နဲ့ကောက်ကိုင်လိုက်ရင် (သို့) အိတ်ထဲကပြန်ထုတ်လိုက်ရင် အလိုလို Lock Screen ကို ပြန်ဖွင့်ပြပေးပါတယ်။ Power ခလုတ် ပျက်စီးမှုကနေကာကွယ်ပေးပါတယ် …..ဖုန်းကိုင်တဲ့သူတိုင်း ဆောင်ထားသင့်တဲ့ App တစ်ခုပါ
ဒီနေရာကနေ  >>>>>>>DOWNLOAD<<<<<<< ယူသွားပါ
ref;MMAS
Android မှာ စက်ဘီးစီးမယ့် ဂိမ်းလေးတစ်ခုပါဗျာ ဂိမ်းသေးလေးဆိုပေမယ့်
ဆော့ရတာ ကောင်းပါတယ် Level တွေ အများကြီးကို ကျော်ဖြတ်ရမှာပါ
အသက်က (၅)ခါ ထိ ရှိပါတယ် TrialX လို တစ်ခါတည်း နဲ့ အစက ပြန်ဆော့စရာ မလိုပါဘူး ကြားမှာ point တွေကို ကျော်ရင်း  သေသွားရင် အဲဒီ point က ပြန်စဆော့ရလို့ပါတယ်
တော်တော် ကစားလို့ကောင်းပါတယ်။ ဒီက  >>>>>>>>>> DOWNLOAD <<<<<<<<<<
ကယူသွားပါ။
Hack ခံလိုက်ရသည့် သင့်၏ Facebook Account အား ဘယ်လိုပြန်ယူမလဲ
အားလုံး သိကြတဲ့အတိုင်း Facebook ဆိုတဲ့ လူမှုရေးကွန်ယက်ကြီးကို ၁ ဘီလီယံကျော်သော လူအများက စွဲလန်းခုံမင်စွာ သုံးစွဲနေကြပါတယ်။ အသုံးလိုလို့ သုံးစွဲတာထက် စွဲလန်းမှုဖြင့် သုံးစွဲတာက ပိုများလာနေပါတယ်။ ဖုန်း ၊ တက်ဘလက် ၊ ကွန်ပြူတာ ၊ လက်တော့ပ် စတဲ့ အီလက်ထရောနစ် ပစ္စည်းတွေအားလုံးနဲ့ နေရာတကာမှာ မျက်စိနောက်လောက်အောင် Facebook မှ Facebook ပါပဲ။
ကဲဒီလောက်တောင် စွဲလန်းနေရတဲ့ သင့်ရဲ့ Facebook ဟာ ဘယ်လောက်တောင်မှ လုံခြုံပါသလဲ။ သင့်အနေနဲ့ ကံအကြောင်းမလှလို့ hack ခံလိုက်ရပြီဆိုရင် ဘယ်လိုများ လုပ်ကြမလဲ။ ရုပ်ပိုင်းဆိုင်ရာ မထိခိုက်ပေမယ့် စိတ်ပိုင်းဆိုင်ရာတော့ အတော်လေး ထိခိုက်ရမှာ သေချာပါတယ်။ အထူးသဖြင့် Facebook ဆိုတဲ့ "ဆေး" စွဲနေသူများက ပိုခံရပါလိမ့်မယ်။
Facebook ကို hack အလုပ်ခံရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အဓိက အကြောင်းရင်းကတော့ ပေါ့ဆမှုကြောင့်ပဲ ဖြစ်ပါတယ်။
ဘယ်နည်းနဲ့ဖြစ်ဖြစ် အကယ်၍သာ သင့်ရဲ့ Facebook ကို hack လုပ်ခံလိုက်ရပြီ ဆိုရင်တော့ အောက်ပါနည်းလမ်းများကို အသုံးပြုပြီး ပြန်လည်ရယူဖို့ ကြိုးစားဆောင်ရွက် ကြည့်နိုင်ပါတယ်။
နည်းလမ်း ၁ (မိမိ account နှင့် သက်ဆိုင်သည့် အချက်အလက်များအား မှတ်မိလျှင်)
အဆင့် ၁ - www.facebook.com/hacked သို့သွားပါ။
အဆင့် ၂ - "My Account is Compromised" အား နှိပ်ပါ။
အဆင့် ၃ - မိမိ account နှင့် သက်ဆိုင်သည့် အီးမေးလ် (သို့) ဖုန်းနံပါတ် (သို့) Facebook သုံး မိမိအမည် (သို့) မိမိ၏ အမည်အပြည့်အစုံအား ထည့်သွင်းပြီး Search လုပ်ပါ။
အဆင့် ၄ - ရှာတွေ့သည်ဆိုလျှင် မိမိ၏ ရှိရင်းစွဲ password အား ထည့်သွင်းပါ။
အဆင့် ၅ - မှန်ကန်သည်ဆိုလျှင် Facebook မှ သင်၏ account အား လုံခြုံရေးဆောင်ရွက်ရန် ပြောကြားပါလိမ့်မယ်။ Continue နှိပ်ပါ။
အဆင့် ၆ - Password အသစ်အား ၂ ခါပြန် ရိုက်ထည့်ပါ။
သင်၏ hack လုပ်ခံထားရသည့် account ထဲ ပြန်ဝင်လို့ ရပါပြီ။
မှတ်ချက် - ဖုန်းတွင် SMS ရယူခြင်းဖြင့် လုံခြုံရေး ၂ ထပ် ပြုလုပ်ထားပါက မိမိ၏ account ပါ ဖုန်းအား လက်ဝယ်ရှိနေရန် လိုအပ်ပါမည်။
နည်းလမ်း ၂ (မိမိ account နှင့် သက်ဆိုင်သည့် အချက်အလက်များအား မမှတ်မိလျှင်)
အဆင့် ၁ - www.facebook.com/hacked သို့သွားပါ။
အဆင့် ၂ - "My Account is Compromised" အား နှိပ်ပါ။
အဆင့် ၃ - စာမျက်နှာ ဘယ်ဖက်အောက်ထောင့်ရှိ "I can't identify my account" အား နှိပ်ပါ။
အဆင့် ၄ - Facebook မှ မေးမြန်းသည့် သင်နှင့် သက်ဆိုင်သည့် မေးခွန်းများအား ဖြေပါ။
အဆင့် ၅ - Submit လုပ်ပါ။
မကြာမီတွင် Facebook မှ သင့်အား ဆက်သွယ်လာမည်ဖြစ်ပြီး သင်၏ account အား ပြန်လည်ရယူနိုင်ရန် ကူညီပါလိမ့်မည်။
ဤကဲ့သို့ ရှုပ်ထွေးပြီး စိတ်ညစ်ဖွယ်ရာ ဖြစ်ရပ်များအား မကြုံတွေ့လိုလျှင် မိမိ၏ account လုံခြုံရေးအတွက် မပေါ့ဆပဲ သတိထားပြီး နေထိုင်သင့်ပါသည်။
မိမိ account လုံခြုံရေးအတွက် ဆောင်ရွက်နိုင်သည့် အချက်များ -
- အလွယ်တကူ မသိရှိနိုင်မည့် password များထားပါ။
- အလျဉ်းသင့်သလို ပြောင်းလဲပါ။
- လုံခြုံရေး မေးခွန်းများ ထားရှိပါ။
- ဖုန်း SMS သုံး လုံခြုံရေး ၂ ထပ် ထားရှိပါ။
- မလုံခြုံသည့် ကြုံကြိုက်ရာ WiFi သုံးခြင်း ရှောင်ကြဉ်ပါ။
- မိမိ Facebook နှင့် Email အား အချိန်ပြည့် ဖွင့်ထားခြင်း ရှောင်ကြဉ်ပါ။
- Facebook တွင် မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်များ ဖော်ပြထားခြင်း ရှောင်ကြဉ်ပါ။
Android  ဖုန်းအသုံးပြုသူတွေအတွက် ကိုယ်ဖုန်းပြောထားတဲ့ ဖုန်း call တိုင်းကို အသံဖိုင်အနေနဲ့ record လုပ်သိမ်းဆည်းပေးထားမယ့်  May  21 ရက်နေ့ထုတ် Call Recorder Pro v1.9 ကိုတင်ပေးလိုက်ပါတယ်။ ဖုန်း call အ၀င်ရော ၊ အထွက်ရော အသံကြည်လင်လင်နဲ့ record လုပ်ပေးထားမှာပါ။ google play မှာ 17 ဒေါ်လာပေးဝယ် ရတဲ့ဆော့ဝဲဖြစ်ပါတယ် ..
 ဒီနေရာကနေ >>>>>DOWNLOAD<<<<< ရယူနိုင်ပါတယ်
သူငယ်ချင်းတွေကို စနောက်ဖို့အတွက် အီးပေါက်တဲ့ ဂိမ်းလေးပါ ကဲစမ်းကြည့်ကြပါဦး
    >>>>> DOWNLOAD<<<<<
တန်ဖိုးနည်းဖုန်းများရောင်းချပြီးနောက် ဖုန်းလိုင်းကျပ်တောက်မှုအချို့ဖြစ်ပေါ်နေရာ ထိုသို့ဖုန်းလိုင်းအဆင်မပြေမှုများရှိပါက မိမိကိုင်ဆောင်သည့် ဖုန်းနံပါတ်အလိုက် သက်ဆိုင်ရာဆက်သွယ်ရေး အိတ်ချိန်းရုံးများကို မေးမြန်း၍ဖြေရှင်းပေးကြောင်း သတင်းရရှိသည်။
လတ်တလောတွင် ယခင်ရောင်းချပေးခဲ့သည့် ကျပ်နှစ်သိန်းဖုန်းများသာမက ကျပ် ၁၅ သိန်းတန်ဖုန်းများဖြစ်သည့် ၀၉၅၀ နှင့် ၀၉၅၁ ဖုန်းများ၌ပါ လိုင်းပြတ်တောက်မှုများဖြစ်ပေါ်နေကြောင်း ၎င်းဖုန်းကိုင်ဆောင်သူများက ပြောသည်။
ထို့အပြင် နှစ်သိန်းတန် GSM နှင့် နှစ်သိန်းခွဲတန် WCDMA မိုဘိုင်းဖုန်းအချို့၌ ဖုန်းလိုင်းမမိခြင်းကြောင့် အင်တာနက်တပ်ဆင်ထားသူများ သုံးစွဲ၍မရမှုများရှိနေသည်။
“တစ်ခါတလေဆို No Service ဆိုပြီးတောင်ဖြစ်သွားတာ။ နံနက်ပိုင်းစောစောတောင် ဖြစ်တယ်။ အခုဆို တစ်ပတ်လောက်ရှိနေပြီ။ ဘယ်လိုလုပ်လို့လုပ်ရမှန်းတောင် မသိဘူး။ အင်တာနက်လည်း လုံးဝသုံးလို့မရဘူး” ဟု WCDMA ဖုန်း သုံးစွဲသည့်အင်းစိန်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
ထိုသို့ ဖုန်းလိုင်းပြတ်တောက်မှုများရှိပါက မိမိဖုန်းနံပါတ်အလိုက်သက်ဆိုင်သည့် ဆက်သွယ်ရေးအိတ်ချိန်းရုံးများသို့ ဖုန်းဆက်၍ ဖြေရှင်းနိုင်ကြောင်း ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ရတနာပုံကောလ်စင်တာမှသိရှိရသည်။
“ကိုယ်သုံးတဲ့ဖုန်းက လိုင်းမမိတာ၊ အဆင်မပြေတာမျိုးရှိရင် ဖုန်းနံပါတ်ပေးရင် ကြည့်ပေးလို့ရတယ်။ ဘာလို့ဖြစ်တာလဲဆိုတာကို”ဟု ဆက်သွယ်ရေးအိတ်ချိန်းရုံးတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သုံးစွဲသည့် ဟန်းဆက်များကြောင့်လည်း လိုင်းပြတ်တောက်မှုများ၊ ဖုန်းလိုင်းမမိခြင်းများရှိတတ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
ထိုသို့ ဖုန်းလိုင်းအဆင်မပြေမှုများရှိပါက ၀၉၅၀ ဖုန်းများအတွက် ၀၁-၅၀၅၁၄၇၊ ၀၉၅၁ နှင့် ၀၉၄၂ ဖုန်းများအတွက် ၀၁-၂၁၅၈၂၂၊၀၉၄၁ ဖုန်းများအတွက် ၀၁-၄၂၁၅၅၈၊ ၀၉၄၅ WCDMA ဖုန်းများအတွက် ၀၁-၅၃၂၂၅၇၊ ၀၁- ၅၃၇၂၀၁၊ ၀၉၇၃ ဖုန်းများအတွက် ၀၉-၇၃၀၀၀၀၀၀ နှင့် ၀၉-၇၃၁၁၁၁၁၁ အစရှိသည့်ဆက်သွယ်ရေးအိတ်ချိန်းရုံးများကို ဆက်သွယ်မေးမြန်းနိုင်ပြီး ဧပြီလအတွင်းက စတင်ရောင်းချခဲ့သည့် ကျပ် ၁၅၀၀ တန် CDMA 800 MHz ဖုန်းများအတွက် ၀၁-၆၅၆၉၉၄-၆ တွင် စုံစမ်းနိုင်ကြောင်း ရတနာပုံကောလ်စင်တာမှ သတင်းရရှိသည်။
7 Day new jourmal
Thursday, May 30, 2013
၂၀၁၂-၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ စာရင်းကို လာမည့် ဇွန်လ ၉ ရက် တနင်္ဂနွေနေ့တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။
"ပြည်နယ်နှင့်တိုင်း ပညာရေးမှူး တွေကို လျှို့ဝှက်အစည်းအဝေး ခေါ်နေပြီ။ ၈ဝ ရာခိုင်နှုန်း သေချာပါတယ်"ဟု ၄င်းက ထပ်လောင်းပြောကြားသည်။
အဆိုပါ စာမေးပွဲ အောင်စာရင်းနှင့် အောင်ချက်ရာခိုင်နှုန်း အပေါ် မြန်မာနိုင်ငံ စာစစ်အဖွဲ့ ညွှန်ကြားရေးမှူးချုပ်ကို ဆက်သွယ်မေးမြန်းသော်လည်း အတည်ပြု ပြောကြားခြင်း မရှိပေ။
"ကြားတာက ၂ ရက်နေ့လည်း ပြောတယ်။ ၉ ရက်နေ့လည်းပြောတယ်။ ကရင်မှာဆို ဓာတုဗေဒမှာ အောင်ချက်မြင့်တယ်လည်း ကြားတယ်" ဟု ကရင်ပြည်နယ် ဘားအံမြို့နေ တက္ကသိုလ်ဝင်တန်း ဖြေဆို ထားသူ လူငယ်တစ်ဦးက ဆိုသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်း ယင်းပညာသင်နှစ်တွင် စစ်ဆေးသော အင်္ဂလိပ်ဘာသာ မေးခွန်းသည် အခြားနှစ်များနှင့် သိသိသာသာ ကွဲပြားသောကြောင့် အောင်စာရင်းရလဒ် ပြောင်းလဲ နိုင်ကြောင်း လုပ်သက်အတွေ့အကြုံအနှစ် ၂၀ ရှိ တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်ဘာသာ သင်ကြားနေသူ ပုဂ္ဂလိက ဆရာဦးဇော်မင်း က The Voice သို့ ပြောကြားသည်။
ယမန်နှစ် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ပြည်တွင်းနှင့် ပြည်ပစာဖြေဌာန ၁၂၉၆ ခုမှ ဝင်ရောက်ဖြေဆိုသူ ၄၈၇,၄၁၀ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် ဝင်ရောက်ဖြေဆိုသူ ၄၆၇,၈၄၉ ဦးမှ ၁၆၀,၇၇၈ ဦး အောင်မြင်ခဲ့ပြီး ရာခိုင်နှုန်း အားဖြင့် ၃၄ ဒသမ ၃၇ ရာခိုင်နှုန်းရှိ ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
The Voice Weekly
Android OS ဖုန်းကိုင်ဆောင်သူတွေအတွက် မိမိဖုန်းမှ apk များကိုသူများတွေဝင်ကလိလို့မရအောင်ပိတ်ထားတဲ့ apk lock လေးပါ…
သုံးရတာတော်တော်အဆင်ပြေပါတယ်…..Lock ty pe အနေနဲ့ Pin lock….Pattern Lock တွေထားလို့ရပါတယ်…
Delay time ပေးပီး ပိတ်လို့လည်းရပါတယ်…..
စမ်းသုံးကြည့်လိုက်ပါအုံးနော်…….
 >>>>>>>DOWNLOAD<<<<<<<
Android ဖုန်း တွေမှာ ဖုန်းဆော့ဝဲ ၊ ဂိမ်းတွေသွင်းတာများလာရင် ဖုန်းကသုံးရတာ လေးလံနှေးလာတတ်ပါတယ်။ ဒီလိုမဖြစ်အောင် AppMgr Pro III for Android ကိုအသုံးပြုပြီး ဖုန်း memory ထဲမှာသွင်းထားတဲ့ app,game တွေကို ဖုန်းရဲ့ External Memory (SD Card) ထဲကိုရွှေ့နိုင်ပါတယ်။ ဒီဆော့ဝဲလေးရဲ့ထူးခြားချက်က ဆော့ဝဲတွေကို SD card ထဲရွှေ့နိုင်ရုံတင်မဟုတ်ဘဲ ဖုန်းထဲမှာသွင်းထားတဲ့ဆော့ဝဲတွေကိုတခြားသူတွေမမြင်အောင် Hide လုပ်ထားနိုင်တဲ့ Function လည်းပါဝင်ပါတယ်။ AppMgr Pro II ကို Android 2.2 နှင့်အထက်ရှိတဲ့ဖုန်းအားလုံးမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။
လိုချင်တယ်ဆိုရင်ဒီနေရာမှာ >> >>>>>DOWNLOAD<<<<<<< သွားနိုင်ပါတယ်
Monday, May 27, 2013
ဘောလုံးဝါသနာရှင်များအတွက် နာမည်ကျော် ဘောလုံးပြိုင်ပွဲပျား၏ ပွဲအဖြေရလဒ်များ ပွဲချိန်အတွင်းလူစားလဲမူ ၊ဂိုးသွင်းသူ၊ Line up လူစရင်း ၊ဘောလုံးပိုင်ဆိုင်မူ၊ အမှတ်ပေးဇယား
အားလုံးကို ဒီဆော့ဝဲတစ်ခုသွင်းထားရုံဖြင့် အဆင်ပြေပါတယ် လိုချင်တယ်ဆိုရင်
ဒီနေရာမှာ     >>>>>>>DOWNLOAD<<<<<<<<  
၁။ ဖုန်းမှာပါတဲ့ Email ကို ဖွင့်ပါ။ ကိုယ့် Gmail ရဲ့ Username နဲ့ Password ကို ထည့်ပေးပါ။
၂။ Sign in နှိပ်လိုက်လို့ မကြာခင် Couldn’t open connection to server ဆိုပြီး ပေါ်လာပါလိမ့်မယ်။ Edit Details ကို နှိပ်လိုက်ပါ။
၃။ Account Setup ပေါ်လာပါလိမ့်မယ်။ IMAP Server မှာ imap.gmail.com ဆိုတာ ဖြစ်နေရပါ့မယ်။ Port မှာတော့ 993၊ Security Type မှာတော့ SSL/TLS (Accept all certificates) ကို ရွေးလိုက်ပါ။ Next ကို နှိပ်ပါ။
၎။ ဒီတစ်ခါကျ SMTP setup လုပ်ရမှာပါ။ SMTP Server မှာ smtp.gmail.com ဆိုပြီး ရိုက်ထည့်ပါ။ Security Type မှာ STARTTTS (acceept all certificates) ကို ရွေးထားပါ။ Port မှာ 587 လို့ထည့်ပေးပါ။ (ဒီနှစ်ချက်က အဓိက အချက်ပါပဲ)
၅။ Next ကိုနှိပ်ပါ။ Inbox checking frequency ကို လိုသလောက်ထားပါ။ အီးမေးလ်ကို ဘယ်လောက်ခြားတစ်ကြိမ် စစ်ချင်တာလဲပေါ့၊ နောက်ပြီး အီးမေးလ်ဝင်လာတဲ့အချိန် ချက်ချင်း သိချင်ရင်တော့ Notify me လေးကို အမှန်ခြစ် ခြစ်ပေးလိုက်ပါ။
၆။ Next ကို နှိပ်ပါ။ အီးမေးလ်ပေးပို့တဲ့အချိန် အသုံးပြုမယ့် နာမည်ကို ရိုက်ထည့်ပေးပါ။ Next ကို နှိပ်ပါ။
ဒါဆို ပြီးသွားပါပြီ။ အီးမေးလ်စစ်ချင်တိုင်း ဖုန်းမှာပါတဲ့ Email ဆိုတဲ့ App လေးကို ဖွင့်ပြီး စစ်လို့ရပါပြီ။ အီးမေးလ်ပို့ချင်ရင်လည်း ပို့နိုင်ပါပြီ။ အဆင်ပြေကြပါစေ
Friday, May 24, 2013
Credit to Mobile Guide Journal
ဓာတ်ပုံပြင်တဲ့ ကင်မရာပါ အသစ်လေးပါ
လူကြိုက်များလှတဲ့ပုံပြင်တဲ့ကောင်လေးပါ
ဓါတ်ပုံ ၄ ပုံ ရိုက်ပြီး တစ်ပုံတည်းပေါင်းထည့်နိုင်ပါတယ်
အခြား effect များစွာပါဝင်ပါတယ်
ပုံတွင်စာများကိုလည်ဒီဇိုင်းမျိုးမျိုး၊အရောင်မျိုးစုံရေးထည့်နိုင်ပါတယ်
အသုံးပြုရတာလည်းရိုးရှင်းလွယ်ကူပါတယ်ခင်ဗျာ
ဒီနေရာကနေ  >>>>>DOWNLOAD<<<<< ယူသွားပါ
ဆက်သွယ်ရေးလုပ်ငန်း ဝန်ဆောင်မှုပေးမည့် ကုမ္ပဏီ များ အရည်အသွေး သတ်မှတ်ချက် ချို့ယွင်းပါက ဒဏ်တပ်မည် ဟု ဆက်သွယ်ရေးနှင့် သ တင်းအချက်အလက်နည်းပညာဝန်ကြီး ဌာနမှဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောသည်။
”ဆက်သွယ်ရေးအော်ပရေတာ ကုမ္ပဏီတွေကို အရည်အ သွေးသတ် မှတ်ချက်တွေ ထားရှိမှာပါ။ ဥပမာ ဖုန်းခေါ်ဆိုမှု အကြိမ် ၁ဝဝမှာ ၉၉ ကြိမ်လိုင်း မိရမယ်။ ခေါ်လို့မရဘူး။ လိုင်း မမိတာတွေများမယ်ဆိုရင် ဒဏ်တပ်မှာပါ”ဟု ၄င်းက မေ ၁၃ ရက်တွင် ပြုလုပ်သည့် စာနယ်ဇင်းတွေ့ဆုံပွဲတွင် ပြော သည်။ အော်ပရေတာနှစ်ခုကိုလည်း ဇွန်လတွင် ရွေးချယ်ပေးသွားမည်ဖြစ်ပြီး ရွေးချယ်ခံရသည့်အော်ပရေတာများအနေဖြင့် ဒေါ်လာနှစ်ဘီလျံခန့် ရင်းနှီးမြှုပ်နှံရဖွယ်ရှိကြောင်း ၄င်းကပြော သည်။”အကောင်းဆုံးနဲ့ အတွေ့အကြုံအများဆုံး ကုမ္ပဏီကို ရွေးချယ် မှာပါ”ဟု ၄င်းက ဆက်ပြောသည်။
ယင်းအပြင် ဖုန်းသိပ်သည်းဆကို ၂ဝ၁၅ ခုနှစ်တွင် ၅ဝ ရာခိုင်နှုန်းရရှိ ရန်မျှော်မှန်းထားကြောင်း ယင်းကြောင့် ရွေးချယ် ခံရသည့် ဆက်သွယ်ရေးေ အ်ာပရေတာများအနေဖြင့် နှစ်နှစ်ခွဲ အတွင်း မျှော်မှန်းထားသည့် ဖုန်းသိပ်သည်းဆရရှိအောင် အ ကောင်အထည်ဖော်သွားရမည်ဖြစ်ကြောင်း ၄င်းကဆက်ပြော သည်။ဖုန်းသိပ်သည်းဆ မြှင့်တင့်ရာတွင် မိုဘိုင်းဖုန်းနှင့် ကြိုး ဖုန်းနှစ်မျိုးစလုံး တိုးတက်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ၂ဝ၁၃ မှ ၂ဝ၁၆ ခုနှစ်အထိ ဖုန်းလိုင်း ၃၉ သန်းခွဲ ကို ရောင်းချသွားရန်စီစဉ်ထားကြောင်း ၄င်းက ထပ်လောင်း ပြော သည်။လက်ရှိ တွင် မြန်မာနိုင်ငံ၏ တယ်လီဖုန်းသိပ်သည်းဆမှာ ခုနှစ်ရာခိုင်နှုန်းသာရှိပြီး ယင်းအနက် အော်တိုတယ်လီဖုန်း သိပ်သည်းဆမှာ ၁ဝဝ ရာခိုင်နှု န်းကျော်သာ ရှိသည်။
Credit : Popular Myanmar News Journal
ဒီဂိမ်းလေးကတော့ ဘိလိယက်ထိုးတဲ့ဂိမ်းလေးပါ မြင်ကွင်းကောင်းကောင်းနဲ့ 
ကစားလို့လည်း အရမ်းကောင်းပါတယ် စမ်းပြီးကစားကြည့်ရင်
သဘောကျသွားမှာပါ ကျွန်တော် အမြဲတမ်းကစားဖြစ်တဲ့
ဂိမ်းလေးပါ၊ ဒီနေရာကနေ>>>>DOWNLOAD<<<< ယူသွားပါ။
Olive PDF Tools Application လေးကတော်တော်လေးကို အဆင်ပြေတဲ့ Application လေးဖြစ်ပါတယ်။
ဒီဆော့ဝဲကို Google Play တွင်  ဒေါ်လာ us$4.87 ထိပေးရပါတယ်
မိမိရဲ့ဖုန်းထဲမှာ Format တော်တော်များများကိုPDF ဖိုင်အဖြစ်အလွယ်တကူလေးပြောင်းလဲနိုင်ပါတယ်။ပြောင်းလဲနိုင်တဲ့ Formats အမျိုးအစားများကိုအောက်မှာ ဖော်ထားပါတယ်။
1. Scan/convert any images to PDF
2. Extract pages from PDF
3. Concatenate two PDF files
4. Protect a PDF file with password
5. Convert a DOC/TXT/HTML file to PDF
6. Convert PDF to TXT
7. Add watermark to PDF
8. Copy an encrypted PDF to a non-encrypted one
9. Change the passwords of PDF
10.Create PDF in following sizes: A0, A1, A2, A3, A4 (default), B0, B1, B2
ဒီနေရာက---->>>>DOWNLOAD<<<<----- a="">နယူသွားပါ
လွယ်လွယ်ပြောရရင် ဟက်ကင်းနဲ့ ပတ်သက်ပြီး လုပ်နည်းက ၂ မျိုးပဲရှိတယ်။ အကြိမ်ကြိမ်တိုက်မလား၊
အပြီးတိုင်တိုက်မလား။ ၂ ခုစလုံးရဲ့နောက်က အီလောထရွန်းနစ်ပုဒ်မနဲ့ငြိတဲ့အတွက် အနည်းဆုံး ၇ နှစ်ကနေ ၁၅
နှစ်ထိထောင်ထဲမှာ နေရမယ်။ ဟက်တော့မယ် ဆိုရင် အဓိကကတော့ အင်တာနက်ကို ၂၄ နာရီ သုံးနိုင်ရမယ်
ပြေပြေပြစ်ပြစ်လေး ရှင်းပါဦးဗျ။
ဒီလိုဗျာ…အင်တာနက်လောကမှာ တိုက်နည်းပေါင်းစုံရှိတယ်။ ဟက်နည်းပေါင်းစုံရှိတယ်။
တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုလုပ်ကြလဲဆိုတာတော့ မတူဘူး..အားသန်ရာသန်ရာပေါ့။
အဆင်အပြေဆုံးက ဘယ်ဟာဖြစ်မလဲအစ်ကို။
စိတ်ဝင်စားစရာတွေကတော့ အားလုံးပဲ…သူများဟာကိုလုပ်ရတာ ဆိုတော့ ဖီးလ်ကလည်းအပြည့်ပဲ။
တိုက်နည်းတွေကဗျာ….PC to PC ထိုးဖောက်တာရယ် ၀က်ဘ်ဆိုက်တွေကိုထိုးဖောက်တာရယ်
ဆာဗာတွေကိုထိုးဖောက်တာရယ်ပေါ့။
အင်း… တစ်ခုလောက် ပြောပြပါဦး။
အင်တာနက်ဆာဗာတွေနဲ့ ဆိုက်တွေကို တိုက်တာကို အရင်ဆုံးရှင်းပြမယ်။ အလွယ်ဆုံးကတော့DDoS
လို့ခေါ်တဲ့ Denial လုပ်တဲ့ တိုက်နည်းပေါ့။ ဒီကောင်က ဆိုက်ကို အကြိမ်များစွာ အလုပ်ပေးပြီး Server ကို
ဒေါင်းသွားစေတဲ့နည်းပေါ့။ ဒါကတော့ ကြားဖုးပြီးဖြစ်မှာပါ။ လုပ်နည်းကိုင်နည်းကလည်း တော်တော်ကို
လွယ်ပါတယ်။
အင်း.. စိတ်ဝင်စားစရာ ကောင်းလာပြီ။
Ready Made Tools တွေသုံးပြီး တိုက်မလား။ Command နဲ့တိုက်မလား၊ ကြိုက်တာရွေးနိုင်တယ်။
ကန့်သချက်က ကိုယ်တစ်ယောက်ထဲ မလုပ်နိုင်ဘူး။ ………..com လိုဟာကို တိုက်မယ်ဆိုရင် အနည်းဆုံး
ကွန်ပြူတာ ၄ လုံးလိုတယ်။ ကိုယ်တိုက်ချင်တဲ့ IP ကိုရိုက်ထည့် ပြီးရင် ကွန်ပြူတာ ၄ လုံးစလုံးကနေ ပြိုင်တူ
Ready Made Tools တွေကို Run လိုက်ရုံပဲ။ ၄ နာရီလောက် တီးထည့်လိုက်ရင် အဲဒီ ဆိုက်ကိုထိုင်ထားတဲ့
Server ဒေါင်းတာပဲ။ ဒါကအလွယ်ဆုံးနားလည်အောင်ပြောတာပါ။
တစ်ယောက်တည်း တိုက်လို့ရနိုင်မယ့် နည်းကရော နောက်ပြီး Ready Made Tools တွေကိုရော ဘယ်က
ရနိုင်လဲ အစ်ကို။
Tools တွေက ဂူးဂဲမှာ အလွယ်တကူရှာနိုင်တယ်. ဘယ်လိုသုံးမလဲဆိုတာကတော့ Help ဖိုင်တွေမှာ ပါတယ်။
သုံးရတာကလွယ်တယ်။ သို့သော်….) (….com ဆိုက်ကို တိုက်လိုက်လို့ Trace ပြန်လိုက်တဲ့အခါ ကိုယ်ဘယ်လို
ရှောင်မလဲဆိုတာ စဉ်းစားထားရမယ်။ ဘယ်ဟာကို တိုက်တိုက်ပေါ့။ Trace မမိအောင်
ကိုယ့်ဘက်ကပြင်ဆင်ထားဖို့လိုတယ်။ ဒါက Tools တွေရဲ့ အားနည်ချက်ပဲ။
အဲဒါကြောင့် ကျနော်တို့က Tools တွေမသုံးဘူး။ ကျနော်တို့က Zoombie တွေမွေးထားတယ်။ ဒီကောင်တွေက
Bot တွေပေါ့။ ဒါကတယောက်ထဲလုပ်လို့ရတဲ့အပိုင်းပေါ့။
ရှင်းပါဦး အစ်ကို အဲဒါ ပိုစိတ်ဝင်စားတယ်။
အဲဒီ Bot တွေကို သုံးပြီး Mirc ကနေတစ်ဆင့် တိုက်တယ်။ MIrc channel တွေမှာ Bot က သူခိုင်းလို့ရမယ့်
Victim တွေကို ရှာတယ်။ ဥပမာဗျာ.. ကျနော်က MIRC ထဲကို ၀င်လိုက်ပြီဆိုတာနဲ့ ကျနော့်ရဲ့ Bot က
ကျနော့်ကိုဆက်သွယ်လာတယ်။ ကျနော်က bot ကို ခိုင်းလိုက်တယ်။ အဲဒီင်္မှာ Bot က သူခိုင်းလို့ရမယ့်
စက်တွေကိုလိုက်ရှာတယ်။ အဲဒီမှာ အနည်းဆုံးစက် ၁၅၀ လောက်ကိုရပြီဆိုရင် Target ကို တိုက်ခိုင်းတာပဲ။
ဒီနည်းက အန္တရာယ်အကင်းဆုံးပဲ။ Bot ဆိုတာ PHP နဲ့ရေးထားတဲ့ အကောင်ပဲ။ အဲဒီကောင်ထဲမှာ ကျနော့် IP
ထည့်ပေးထားတယ်။ ပြီးရင် ကျနော့်ရဲ့ MIRC channel ပေးထားတယ်။ ကျနော် အွန်လိုင်းတက်ရင် ဒီကောင်က
အလိုလို ဆက်သွယ်တယ်။ Bot တွေကတော့ အွန်လိုင်းမှာ ၀ယ်လို့ရတယ်။ ကိုယ့်ဟာကိုယ်ရေးနိုင်ရင်လည်းရေးပေါ့။ DDOS နည်းကတော့ ကျနော်သိပ်မကြိုက်ဘူး။
ဟုတ်ပြီ။ ဆက်ပါဦး။
DDOS ကို Anti လုပ်တဲ့ ဆော့ဖ်ဝဲတွေရှိတယ်ဗျာ။ ဒီကောင်က ဘယ်လိုအလုပ်လုပ်လဲဆိုတော့ IP
တစ်ခုတည်းကနေ Request လုပ်တဲ့ အကြိမ်အရေအတွက်များလာပြီဆိုရင် Drop လုပ်ပစ်တယ်။ DDOS
ဆိုတာ ပထမဆုံး Target ကို Request လုပ်တယ်။ Target က response ပြန်ပေးတယ်။ ၁ မိနစ်အတွင်းမှာ
အကြိမ် ပေါင်း ရာနဲ့ချီပြီး အဲဒီလိုလုပ်နေကြတာပေါ့။ သာမန်ဆိုက်တစ်ခုဆိုရင်တော့ အလုပ်ဖြစ်တယ်။ Anti
ထည့်ထားကောင်ကျတော့ သူသတ်မှတ်ထားတဲ့ အကြိမ်ထက်များလာရင် ဒါ DDoS ဆိုပြီး Drop လုပ်ပစ်တာ။
DDOS မှာလည်း PING DOWN, Thunder Flood, IP Config ဆိုပြီး မတူတာလေးတွေရှိတယ်။ ကိုယ်က တိုက်တော့မယ်ဆိုရင် Target ကို အမျိုးမျိုးလိုက်စမ်းရတယ်ဗျာ..ဘာအားနည်းချက်ရှိလဲဆိုပြီးတော့ပေါ့။ အချိန်ယူရတယ်။
Ref: iT Zone
Wednesday, May 22, 2013
Facebook အကောင့်တစ်ခုကို ဘယ်လို Hack မှာလဲ ဘယ်လို လုံခြုံအောင်ထားရမှာလဲ
ဆိုတဲ့ သူတွေအတွက် အလွန်အသုံးတည့်တဲ့စာအုပ်လေးပါ၊ အားလုံးအဆင်ပြေနိုင်ကြပါစေ။
Tuesday, May 21, 2013
ဒါကတော့ကိုမင်းစိုးရာဇာရေးသားထားတဲ့ ဖုန်း ငွေဖြည့် ကဒ်ကို ခရက်မယ့်နည်းလေး ဖြစ်ပါတယ်.
 Tools တွေ လုံးဝ မသုံးဘဲ မိမိ လက်နဲ့  ခရက် မှာဖြစ်ပါတယ် ကျွန်တော်သူငယ်ချင်းတစ်ယောက်
 ဒီနည်းနဲ့စမ်းတာရတယ်လို့ပြောလို့တင်ပေးလိုက်ပါတယ် ဒီ စာအုပ်မှာ ပုံလေး တွေနဲ ပြထားတော့ စာဖတ်ရသူအတွက် အထောက်အကူ များစွာ ပြု့ မယ်လို့ ထင်ပါတယ်.. ခင်ဗျာ..
 ဒီဂိမ်းလေးကတော့ Computer မှာ အရမ်းလူကြိုက်များတဲ့ဂိမ်းလေးပါ အခု Android ဖုန်းတွေမှာလည်း တော်တော်ကစားလာကြပါတယ် သရဲတွေကို အပင်လေးတွေနဲ့
ခုခံတိုက်ခိုက်ရတဲ့ ဂိမ်းလေးပါ အရမ်းကစားလို့ကောင်းပါတယ် လိုချင်တယ်ဆိုရင်
ဒီနေရာကနေ >>>>>DOWNLOAD<<<<< ယူသွားနိုင်ပါတယ်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မြောက်ဘက် ၁၆ မိုင်အကွာ ကုလားတန်မြစ်၏ အနောက်ကမ်းတွင် ရှိသည်။ ၁၉၀၅ ခုတွင် မြို့ဖြစ်လာသည်။ မြို့နယ်ဧရိယာ ၄၄၀ စတုရန်းမိုင်ရှိသည်။ လူဦးရေ တစ်သိန်းမျှ ရှိ သည်။ မြို့နယ်သည် မြောက်မှ တောင်သို့ တန်းနေပြီး တောတောင်ထူသည်။ မြို့ပေါ်တွင် ရပ်ကွက် (၄)ခုနှင့် မြို့နယ်အုပ်စု (၉၆) အုပ်စုတို့ဖြင့် ဖွဲ့စည်းထားပါသည်။ ဘဲငါးရာတောင်သည် ထင်ရှား သည်။ အရှေ့ဘက်တွင် ယိုးချောင်း၊ အနောက်ဘက်တွင် တောဖျားချောင်း စီးဆင်းသည်။ မြို့နယ်သည် ဆန်စပါးနှင့် ဥယျာဉ်ခြံမြေစိုက်ပျိုးခြင်းများကြောင့် ထင်ရှားသည်။ ၀ရိုက်တောင်(ဦးရာဇ်တောင် ဘုရား) ၊ ဂူဝနှင့် ဒီပါရုံ(ကျောက်ဝေ) တို့သည် အဓိကရ စေတီများဖြစ်ကြသည်။ ရှေးအခါက ပုဏ္ဏားများ နေထိုင်ရာအရပ်တွင် မြို့တည်သဖြင့် ပုဏ္ဏားကျွန်း မြို့အမည်တွင်သည်။ မြို့တဖက်ကမ်းတွင် ၀ရိုက်တောင်မြို့ဟောင်းရှိပြီး ရှေးဘုရင်ခေတ် ရေတပ်ဌာနချုပ် ဖြစ်ခဲ့သည်။
ဒါရိုက်တာကိုအောင်မင်းသိမ်း ရိုက်ကူးတဲ့ အောင်မြင်ခဲ့သော နာ မည်ကြီး ဇာတ်ကားများထဲမှာ ပရိသတ်တွေ သဘောကျနှစ်ခြိုက်ခဲ့ ကြတဲ့ “အချစ်သည်လေပြည်” ရုပ်ရှင်ဇာတ်ကားကြီးလည်း ပါဝင် ပါတယ်။ သရုပ်ဆောင်အိန္ဒြာကျော်ဇင်က “အချစ်သည် လေပြည်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ပြီးနောက် ပိုင်းမှာတော့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ပိုမိုရရှိခဲ့ပါတယ်။ ဒါကြောင့်လည်းဒီရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး အိန္ဒြာကျော်ဇင်က အမှတ်တရ အနေနဲ့ အခု လို ပြန် လည် ပြောပြတာက… “အဲဒီဇာတ်ကားကြီး ရိုက်တုန်းက ဦးအောင်မင်းသိမ်းကလည်းဇာတ်ကားကြီး မရိုက်ခင်ကတည်းက သေချာပြောပြတယ်။ ဒီကောင်မလေးက ဘယ်လိုရှိမလဲ၊ ပုံစံနှစ်မျိုးပြောင်းသွားမယ်။ အဲဒီ နှစ်မျိုးကိုချိန်းချင်တယ်။ ဆယ်ကျော်သက်အရွယ်လေးနဲ့ အပျိုကြီး ဖားဖားဖြစ်သွားတဲ့ အရွယ်ကိုချိန်းချင်တယ်လို့ ပြောတယ်။ အူဝဲက အဲဒီဇာတ်ကား မရိုက်ခင်ကတည်းက အဲဒီဇာတ်ကောင် ကာရိုက်တာကို သဘောကျတယ်။ သဘောကျပြီးတော့ မရိုက်ခင်က တည်းက အဲဒီဇာတ်ရုပ်ထဲ မှာ သေသေချာချာစိတ်ကို နှစ်ပြီး တော့ဆယ်ကျော်သက်အရွယ်မှာဝတ်တဲ့ ဆံပင်အတု၊ အဝတ် အစားအကုန်လုံးကိုသေချာပြင်ဆင်ပြီးမှ ရိုက်တာ။ ဇာတ် ကားကြီး ရိုက်တဲ့အခါမှာလည်း ဦးအောင်မင်းသိမ်းတို့ရဲ့ ပလော့တွေ၊ဒိုင်ယာလော့ခ်တွေက ပရိသတ်အကြိုက် တွေ့ခဲ့တာမျိုးတွေ အများကြီးပါတယ်။ ခုတင်ပေါ်မှာ ရည်စားမရှိဘူးဆိုပြီး ခုန်ပြီး ပျော်တဲ့ဟာတွေကလည်း ပရိသတ် တအား ကြိုက်ခဲ့တဲ့ ဇာတ်ဝင်ခန်းလေးတွေပေါ့။ ကိုယ်ရိုက်တဲ့အချိန်မှာလည်း သရုပ်ဆောင်ရ တာ ကောင်းခဲ့တယ်။ ရိုက်ရတာတအား အဆင်ပြေတယ်။ ဦးအောင်မင်းသိမ်းရဲ့ သင်ပေးမှုတွေလည်း အများကြီးပါ တယ်။ ကိုသားကြီးကလည်း အကြံ ဥာဏ်တွေ အများကြီးပေးတယ်။ သင် ပေးတယ်။ အဲဒါကြောင့် ဒီဇာတ်ကား ကြီးက ကောင်းသွားတာပါ။ ဦးအောင် မင်းသိမ်းက အဲဒီလိုလိုင်းမျိုးကို ပိုပိုင် တယ်လို့ အူဝဲထင်တယ်။ ဦးအောင် မင်းသိမ်းနဲ့လည်း အရင်တုန်းက တော်တော်ရိုက်ခဲ့ဖူးတယ်။ အဲဒီ လိုဇာတ်မျိုးလေးတွေကို များ သောအားဖြင့် သူကိုယ်တိုင် လည်းကြိုက်တယ်။ ရို့မန့် ဖန် စီတွေရိုက်တဲ့အခါလည်း တအားပိုင်တယ်။ သူလို ချင် တဲ့ (မုဒ်)တွေ၊ အိုက်တင်တွေ ကို မရမချင်း အူဝဲကို ရအောင်လုပ်ခိုင်း ခဲ့တယ်။ ပရိသတ်တွေက ကြိုက်ကြလို့ ထင်ပါတယ်၊ အကယ်ဒမီတောင်ရ စေ ချင်ခဲ့ကြတယ်။ ဒါပေမဲ့လည်း မြန်မာ ပြည်ကပေးတဲ့ အကယ်ဒမီ ဇာတ် ရုပ် တော့ မဟုတ်ဘူးပေါ့။ ရုံတင်ပြီးတဲ့ အခါမှာလည်း ပရိသတ်ရဲ့အကြိုက်၊ ပရိသတ်ရဲ့ အားပေးမှုရခဲ့တယ်။ ဦးအောင် မင်းသိမ်းတို့ရဲ့ ကျေးဇူးတွေအများ ကြီးပါပါ တယ်။ အဲဒီဇာတ်ကားကြီးထဲမှာပါတဲ့ သရုပ် ဆောင်တွေရော၊ ဒါရိုက်တာရောအကုန်လုံးက အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ကြလို့ ဒီဇာတ် ကားကြီးကကောင်းသွားတာပါ”လို့ ပြောပါတယ်။ ခိုင်ဝေလွင်
Mg Gyi
Comment